ကိုရီးယားရုပ်ရှင် ဒရမ်မာတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Han Ji Hye ၂၀၁၀ ခုနှစ်တုန်းက အနုပညာရှင်အသိုင်းအဝိုင်းကမဟုတ်တဲ့ အစိုးရဝန်ထမ်းတစ်ဦးနဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ထပ်ပြီးကာစမှာ တစ်ယောက်တစ်နေရာစီနေခဲ့ကြတာဖြစ်ပြီး ၂၀၁၇-၂၀၁၈ လောက်ကနေစပြီး အနုပညာအလုပ်တွေကနေရပ်နားကာ ခင်ပွန်းရှိရာနောက်ကို လိုက်သွားခဲ့တာပဲ ဖြစ်ပါတယ်။


သမီးလေးကိုတော့ ၂၀၂၁ ဇွန်လ ၂၃ ရက်နေ့မှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင် မင်းသမီးက သူမချစ်ရတဲ့ သမီးလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ သမီးလေးကလည်း အမေတူသမီးလေးလို့ ပြောလို့ရလောက်အောင်ကို ဖြူဖြူဖွေးဖွေး ဝဝ ကစ်ကစ်လေးနဲ့ ချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ်။


အသက် ၃၈ နှစ် ရှိပြီဖြစ်တဲ့ မင်းသမီး Han Ji Hye ဟာ ဆိုရင် ၂၀၀၄ ခုနှစ်က မင်းသမီး Jang Naraက ငြင်းခဲ့တဲ့ Sweet 18 ဇာတ်လမ်းတွဲကို လက်ခံရိုက်ကူးခဲ့ရာကနေ နာမည်ကြီး မင်းသမီးဖြစ်ခဲ့တဲ့ သူမဟာ My Boyfriend is Type B ရုပ်ရှင်ဇာတ်ကားမှ တွဲဖက်သရုပ်ဆောင်ခဲ့ပါသေးတယ်။


