ညဖက်အိပ်ယာဝင်ရင် ချွတ်ပြီး အိပ်တယ်လို့ ပြောပြလာတဲ့ V…

//s9.kh1.co/cc/cc594d5d29a2c71d80617a6f89254549869ba0ca.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

V ဟာအနံ့မွှေးတာတွေကို သဘောကျပြီး...

BTS အဖွဲ့ဝင် V ဟာဆိုရင် သူ့ရဲ့ ညဖက်အိပ်ယာဝင်ချိန်အလေ့အကျင့်တွေနဲ့ ပတ်သက်လို့ ပြောပြခဲ့ပြီး သူ့ရဲ့အဖြေတွေဟာ အာမီလေးတွေကို စိတ်ဝင်စားစေခဲ့ပါတယ်။ V ကသူအိပ်ယာမဝင်ခင်မှာ အမြဲလုပ်လေ့ရှိတဲ့ အလေ့အကျင့်တွေအနေနဲ့ သွားတိုက်တာ၊ ရေအေးအေးလေး တစ်ခွက်သောက်ပြီး ဂျယ်လီစားတာတွေပါဝင်ပါတယ်။

https://s9.kh1.co/__image/w=650,h=1014,q=100/cc/ccc09fbaa927b8372c9808b08657c8321ca4eac0.jpg

အဲ့ဒီနောက်မှာတော့ နှာခေါင်းအောက်နားမှာ အမွှေးဆီနဲနဲလူးပြီးတာနဲ့ သူ့ရဲ့ဖက်ခေါင်းအုံးကို ဖက်ဖို့အသင့်ဖြစ်နေပါတယ်။ “ကျနော်ကအိပ်ရင် အပေါ်ပိုင်းကို ချွတ်ပြီးအိပ်ပါတယ်။ အောက်မှာတော့ pajama (ညဝတ်) ဘောင်းဘီလေးဝတ်အိပ်ပါတယ်။ အဲ့လိုမှမဟုတ်ရင်တော့ အိပ်မပျော်ပါဘူး” ဆိုပြီး ပြောပြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/3b/3ba483637af4b755b5478d452b9564f5d04bebad.jpg

ဒါ့အပြင် V ဟာအနံ့မွှေးတာတွေကို သဘောကျပြီး  အဲ့ဒီလိုမွှေးကြိုင်တဲ့ အနံ့တွေက သူ့ကို အိပ်ပျော်စေတယ်လို့လည်း သိရပါတယ်။ ပြီးတော့ သူ့အနေနဲ့ ညဖက်တစ်ရေးနိုးလာတဲ့ အချိန်ကျရင် မုန့်တွေစားလေ့ရှိပြီး စားနေကျမုန့်တွေကတော့ Corn dog, ကြက်ကြော် နဲ့ ငါးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/ea/ea99b3b3163710198c5ba5026d09784a761078b9.jpg
https://s9.kh1.co/__image/w=650,h=1023,q=100/22/222531a413cecdbde6ac1d2db7d778b72a0225a1.jpg

ဒါ့အပြင်သူ့အနေနဲ့ မအိပ်ခင် ပေါ့ပေါ့ပါးပါး ဂိမ်းလေးတွေဆော့ရတာလည်း ကြိုက်နှစ်သက်ကြောင်း သိရပါတယ်။ V ရဲ့အိပ်ယာဝင်ချိန် အလေ့အထလေးတွေကို သိရတဲ့အတွက် ပရိသတ်တွေက ဝမ်းသာနေကြပြီး သူ့ရဲ့ ကောင်မလေးဖြစ်ချင်တဲ့ လူတွေကတော့ သူ့ရဲ့ အကြောင်းတွေကို သေသေချာချာလေ့လာနေကြပါတယ်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T