ချစ်သူလေး Kimmy ရဲ့မွေးနေ့မှာ စပရိုက်တိုက်ပြီး ပျော်စရာမွေးနေ့အမှတ်တရတွေကို ဖန်တီးပေးခဲ့တဲ့ Mark Prin

//s9.kh1.co/26/2642c79d763c6fbb3267656138866a22d0abaeac.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

သူ့ကောင်မလေးမွေးနေ့မှာ ငြိမ်နေမယ့်သူမဟုတ်ဘူးလို့ .. 🥳🤍 ကောင်မလေးရိုက်ကူးရေးလုပ်နေတဲ့ အချိန်မှာ သူကိုယ်တိုင် လူဆိုးလိုသရုပ်ဆောင်ပြီး …

2023 ခုနှစ် ဇန်နဝါရီလ 22 ရက်နေ့တုန်းက ထိုင်း Channel 3 ရဲ့ ထိပ်တန်းမင်းသမီး Kimberley ရဲ့ မွေးနေ့ဖြစ်ပြီး ပရိသတ်အများအပြားက လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ Facebook ပေါ်မှာလည်း ဝမ်းမြောက်ကြောင်း မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။  

https://s9.kh1.co/__image/w=650,h=813,q=100/34/349e0b0bbe1d1c4c1b37a958cbda9e4571d067f9.jpg
https://s9.kh1.co/__image/w=650,h=811,q=100/82/8277bd3f6224259a6534c6d202f724aa668c1cec.jpg

Mark Prin က သူ့ချစ်သူမွေးနေ့မှာ မင်းသား Nadech နဲ့ ပူးပေါင်းပြီး Surprises တွေတိုက်ခဲ့ပါတယ်။ Shooting ရိုက်နေတဲ့ ချစ်သူလေး Kimmy ဆီကို တစ်ဆွေလုံးတစ်မျိုးလုံးခေါ်ပြီး မွေးနေ့ပွဲလေးကို ကျင်းပပေးခဲ့တာပါ။  Kim ကတော့ စိတ်လှုပ်ရှားပြီး ပြုံးနေပြီး ပါးစပ်မပိတ်နိုင်အောင်ကို ကျေနပ်နေတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=636,q=100/43/43a5aa4d7abfff24b9ed81352f9980c4b3479810.jpg
https://s9.kh1.co/__image/w=650,h=606,q=100/f4/f43007fbcb44dc20e3daa60113be379130cfa7af.jpg

ဒီပွဲလေးမှာ အံ့အားသင့်ရုံတင်မကဘဲ Mark Prin ကတော့ "Happy Birthday Happy Birthday ပါ ချစ်ရတဲ့ကောင်မလေး ကံကောင်းပါစေ။ ဒီနှစ်ကတော့ Kimberley အတွက် အကောင်းဆုံးဖြစ်ရမယ်။" လို့ ဆုတောင်းပေးခဲ့ပါသေးတယ်။ တစ်နှစ်တစ်မျိုးမရိုးအောင် Surprise တိုက်နိုင်တဲ့ Mark Prin ကို ပိုင်ဆိုင်ထားတဲ့ Kimmy ကတော့ တကယ့်ကို ကမ္ဘာပေါ်မှာ ကံကောင်းလွန်းတဲ့သူလေးလည်း ဖြစ်ပါတယ်နော်။

https://s9.kh1.co/__image/w=650,h=643,q=100/12/12cd52d4c254d0d80ad13fcda6ff8d22c7597e98.jpg
https://s9.kh1.co/__image/w=650,h=633,q=100/10/10893b7920fcd313ae224bfbfae3e1aebccd6d39.jpg

သတင်း အရင်းအမြစ် Popular

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T