မန်ချက်စတာယူနိုက်တက် အသင်း လို့ ပြောလိုက်တာနဲ့ တစ်ချိန်က အတွဲညီခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်း ရဲ့ ပဲ့ကိုင်ရှင် နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန် နှင့် ဖရီးကစ် ကျွမ်းကျင်သူဆရာကြီး ဖြစ်တဲ့ ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း တို့ (၂)ဦး ကို လုံးဝ မေ့ထားလို့မရဘူးဆိုတာ သိကြမှာပါနော်။ သူတို့နှစ်ဦး ဟာ အတွဲညီခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်း နဲ့ အတူ အောင်မြင်မှုများစွာကို ရယူနိုင်ခဲ့ပါတယ်။
ဖာဂူဆန် နှင့် ဒေးဗစ်ဘက်ခမ်း ဟာ အခုဆိုရင်တော့ ဘောလုံးအားကစားလောကမှ အနားယူသွားခဲ့ကြပြီဖြစ်ပြီး သူတို့ရဲ့ သက်ဆိုင်ရာ ဘဝတွေမှာ အေးဆေး ဖြတ်သန်းနေကြတာဖြစ်ပါတယ်။ ဘဝကို အေးဆေးဖြတ်သန်းနေကြတဲ့ ဒေးဗစ်ဘက်ခမ်း နဲ့ ဖာဂူဆန် တို့ဟာ ငယ်ချစ်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပွဲစဉ်တွေကိုတော့ အားရင် အားသလို အမြဲတစေ လာရောက်ကြည့်ရှုအားပေးလေ့ရှိကြပါတယ်။
အခုအခါမှာလည်း ယမန်နေ့ ဇန်နဝါရီ (၂၂)ရက်နေ့ ည(၁၁)နာရီ က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အာဆင်နယ်အသင်း နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ် ကို လာရောက် အားပေးခဲ့ကြပါတယ်။ တစ်ချိန်က သားအဖနှစ်ဦး လို အရမ်း ချစ်ခင်ခဲ့ကြတဲ့ ဆရာတပည့်နှစ်ဦး ဟာ ပျော်ရွှင်စွာ နှုတ်ဆက်ခဲ့ကြပြီး မန်ချက်စတာယူနိုက်တက်အသင်း ကို စိတ်တူကိုယ်တူ အားပေးခဲ့တဲ့မြင်ကွင်းကို ပရိသတ်တွေကြည့်ရှုနိုင်စေရန်ဖော်ပြလိုက်ရပါတယ်။