အလွန်ရက်စက်ကြမ်းကြုတ်နိုင်သူအဖြစ် နာမည်ကျော်တဲ့ အိုင်ဆိုပေါ့ ကောင်လေးတွေကို သင်တွေ့ဖူးမယ်လို့ ထင်ပါတယ်။ အိုင်ဆိုပေါ့ များဟာ ကျောရိုးမဲ့ သတ္တဝါဖြစ်ပြီး Bathynomus genus မျိုးနွယ်ထဲမှာတော့ အကြီးဆုံး မျိုးစိတ်လည်း ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ အကြီးဆုံး အိုင်ဆိုပေါ့ အရွယ်အစားမှာ လက်မ ၃၀ အထိ ကြီးထွားကြပါတယ်။


သူတို့ဟာ ကုန်းမြေပေါ်မှာ မနေထိုင်ဘဲ ကမ္ဘာတစ်ဝှမ်းရှိ အဓိက သမုဒ္ဒရာကြီး (၃) ခုမှာ နေထိုင်ကြတာ ဖြစ်ပါတယ်။ သုတေသနပညာရှင်များရဲ့ မှတ်တမ်းတွေအရဆိုရင် အိုင်ဆိုပေါ့ မျိုးစိတ်ပေါင်းက ၂၀ ကျော်လောက်ရှိပါတယ်။

ခန္ဓာကိုယ်ကို ကြည့်ရင်လည်း မာကျောတဲ့ အရေခွံ နှင့် အမြီးပိုင်းက ပုစွန်နဲ့တူပြီး ဦးခေါင်းက ကဏန်းနဲ့တူပါတယ်။ အကုန်လုံးကို ခြုံကြည့်ရင်တော့ ထင်းလူး ၊ ဆေးပြားပိုးကောင်နှင့် ဆင်တူပါတယ်။ စိတ်ဝင်စားစရာက သူတို့ကို ရန်သူကို ကာကွယ်ရာမှာ ဘောလုံးတစ်လုံးအဖြစ် ကွေးသွားကြပါတယ်။


ကျွန်တော်တို့ လူတွေအတွက် အန္တရာယ်မပြုနိုင်ပေမယ့် သူတို့ဟာ အလွန်ရက်စက်ကြမ်းကြုတ်တဲ့သူများ ဖြစ်တာကြောင့် ကောက်ကိုင်လိုက်ရင်တော့ နှာစေးသွားသလို ဖြစ်တတ်ပါတယ်။

သတင်း အရင်းအမြစ်៖ Source - en.wikipedia