သားလေးမွေးပြီးနောက်မှာ ပထမဦးဆုံးအကြိမ်ပါဝင်ရိုက်ကူးတော့မယ် Park Shin Hye ရဲ့ဇာတ်ကား

//s9.kh1.co/c2/c2d0742513429ea47b53f3dc19c35e567d5a4ab2.jpg
အနုပညာရှင်များ

 ၃၀-နို-၂၀၂၂ ၁၁am · လွန်ခဲ့သော တစ်နှစ် က

သားလေးမွေးပြီးနောက်မှာ ပထမဦးဆုံးအကြိမ်ပါဝင်ရိုက်ကူးတော့မယ် Park Shin Hye ရဲ့ဇာတ်ကား

တောင်ကိုရီးယားမင်းသမီး Park Shin Hye ဟာဆိုရင် ဆေးဘက်ဆိုင်ရာ ဇာတ်လမ်းတွဲဖြစ်တဲ့ Doctor Slump ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်တော့မှာပဲ ဖြစ်ပါတယ်။ Doctor Slump ဇာတ်လမ်းက Park Shin Hye အတွက် ကလေး မီးဖွားပြီးနောက်မှာ ပထမဦးဆုံး အနုပညာ လောကထဲ ပြန်ဝင်တဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။

Google
Google

နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ Ten Asia ရဲ့ သတင်းအရ Doctor Slump  ဇာတ်ကားထဲမှာ မင်းသမီး Park Shin Hye က အမျိုးသမီး protagonist အဖြစ်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဆေးဘက်ဆိုင်ရာဇာတ်လမ်းတွဲဖြစ်တာကြောင့် Doctor Slump က Park Shin Hye ပါဝင်ရိုက်ကူးထားတဲ့ ၂၀၁၆ ခုနှစ်တုန်းကဆေးဘက်ဆိုင်ရာဇာတ်လမ်းတွဲ Doctors ပြီးရင်  ပထမဦးဆုံး ဇာတ်လမ်းဖြစ်ပါတယ်။

Google
Google
Google
Google

မင်းသမီး Park Shin Hye က ၂၀၁၈ ခုနှစ်တုန်းက လူသိရှင်ကြားတွဲခဲ့တဲ့ တောင်ကိုရီးယားမင်းသား Choi Tae Joon နဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ Park Shin Hye က ၂၀၂၂ ခုနှစ် ၊  မေလမှာ သူမရဲ့ ပထမဦးဆုံးသားလေးကို မွေးဖွားခဲ့ပြီး သားလေးအတွက် အချိန်ကောင်းစွာပေးနေတာဖြစ်ပါတယ်။ တောင်ကိုရီးယားမင်းသမီး Park Shin Hye က မင်းသား Choi Tae Joon နဲ့ သူငယ်ချင်းတွေဖြစ်ပြီးမှ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Google
Google

သူတို့နှစ်ဦးက လူငယ်စုံတွဲလေးဖြစ်ပေမယ့် အချင်းချင်း နားလည်မှု အရမ်းရှိကြပြီး  တစ်ယောက်လိုအပ်ချက်ကို တစ်ယောက် ဖြည့်ပေးနေကြသူလေးတွေ ဖြစ်ပါတယ်။

Google
Google

အခုတစ်ခေါက်မှာလည်း မင်းသမီး Park Shin Hye သားလေးမွေးပြီးနောက်မှာ ခင်ပွန်းဖြစ်သူ Choi Tae Joon ရဲ့ ထောက်ပံ့မှုပေးတဲ့အပေါ် ပရိသတ်တွေက များစွာ နှစ်သတ်ဝမ်းမြောက်နေကြပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T