မနေ့ညက MAMA ပွဲမှာ ပရိသတ်အားလုံးရဲ့အချစ်ကို သိမ်းကြုံးရယူခဲ့တဲ့ Park Bo Gum…

//s9.kh1.co/8a/8ae802386e933623dbc592ad8ec2333089201183.jpg
အနုပညာရှင်များ

 ၃၀-နို-၂၀၂၂ ၁၀am · လွန်ခဲ့သော တစ်နှစ် က

မနေ့ညကတော့ Park Bo Gum ကို suit နဲ့သပ်သပ်ရပ်ရပ်တွေ့ရပြီး...

ကိုရီယားရဲ့အကြီးဆုံး ဆုပေးပွဲတစ်ခုဖြစ်တဲ့ 2022 MAMA ကိုမနေ့ညက ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ကျင်းပခဲ့ပြီး အနုပညာရှင်တွေနဲ့ ပရိသတ်အများအပြားတက်ရောက်ခဲ့ကြပါတယ်။ အခုနှစ်ကျင်းပတဲ့ MAMA ဆုပေးပွဲကြီးမှာတော့ နာမည်ကြီးမင်းသားဖြစ်တဲ့ Park Bo Gum က host လုပ်ပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=646,h=716,q=100/fa/fae864bc7a1d4129f166f69a63b609b31ee95277.webp

နှစ်ရက်ကြာကျင်းပမယ့် အဲ့ဒီပွဲကို မင်းသား Park Bo Gum က host လုပ်ပေးမှာဖြစ်ပြီး ပရိသတ်တွေကြားမှာလည်း တော်တော်လေးကို စိတ်လှုပ်ရှားမှုဖြစ်စေခဲ့ပါတယ်။ မနေ့ညကတော့ Park Bo Gum ကို suit နဲ့သပ်သပ်ရပ်ရပ်တွေ့ရပြီး သူ့ရဲ့ ယောကျာ်းဆန်တဲ့ပုံကဆွဲဆောင်မှုရှိလွန်းလှပါတယ်။ ဒါ့အပြင် Park Bo Gum ရဲ့ပျော်ရွှင်ပြီး ပြုံးနေတဲ့ပုံလေးကလည်း မနေ့ညကပွဲရဲ့အသက်ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ Park Bo Gum ရဲ့မနေ့ကပုံနဲ့ သူ့ရဲ့ရုပ်ရည်တွေဟာ လူမှုကွန်ယက်မှာ လူပြောအများဆုံးခေါင်းစဥ်ဖြစ်လို့နေပါတယ်။ ပရိသတ်တွေကတော့ Park Bo Gum ရဲ့ ယောကျာ်းပီသပြီး အကြည်ဓာတ်ရှိတဲ့ပုံလေးကို ချစ်နေကြပြီး သူ့ကိုလည်း အားပေးနေကြပါတယ်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T