မျက်နှာဖုံးတပ်ပြီး အကောင်းဆုံးကစားပေးခဲ့တာတောင် ကျေကွဲဖွယ် ဝေဖန်ခံနေရတဲ့ ဆွန်ဟောင်မင်..

//s9.kh1.co/f2/f278c4dd1ae914fb876dec21d768bb3278bf676e.jpg
အနုပညာရှင်များ

 ၃၀-နို-၂၀၂၂ ၉am · လွန်ခဲ့သော တစ်နှစ် က

ပရိသတ်တွေကို “ကျနော်ဘာပြောရမှန်းမသိတော့ပါဘူး...

နိုဝင်ဘာ ၂၈ ရက်နေ့ကယှဥ်ပြိုင်ခဲ့တဲ့ တောင်ကိုရီးယားနဲ့ ဂါနာတို့ရဲ့ အုပ်စုအဆင့်ကမ္ဘာ့ဖလားပွဲမှာဆိုရင် တောင်ကိုရီးယားအသင်းဟာ ဂါနာအသင်းကို ၃ဂိုး ၂ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားအသင်းဟာ ပရိသတ်တွေမျှော်လင့်ထားသလို ၁၆ သင်းရှုံးထွက်အဆင့်ကိုမရောက်ရှိခဲ့ဘဲ အုပ်စုအဆင့်နဲ့သာကျေနပ်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=371,q=100/7a/7abf6b9644dbd69911b4cae889d63a7c72aee1a0.webp

တောင်ကိုရီးယားအသင်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ တိုက်စစ်မှုဆွန်ဟောင်မင်ဟာဆိုရင်လည်း ရှုံးပွဲအပြီး ကွင်းထဲမှာတော်တော်လေး ခံစားနေရတာကိုလည်း တွေ့ခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ဆွန်ဟောင်မင်ဟာ သူ့ရဲ့လူမှုကွန်ယက်ကနေတဆင့် ပရိသတ်တွေကို “ကျနော်ဘာပြောရမှန်းမသိတော့ပါဘူး၊ ကျနော်တောင်းပန်ပါတယ်၊ ကျနော်တို့ကိုထောက်ပံ့ပေးနေတဲ့ ပရိသတ်တွေအတွက်လည်း ကျနော်နောင်တရမိပါတယ်။” ဆိုပြီးစာရေးသားပြီးတင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=715,q=100/da/dae60822454fbe0c2d3cfe3d769365e7c26c15b9.jpg
https://s9.kh1.co/__image/w=650,h=798,q=100/6b/6bbed7dd704a0ab13854a408ebba11af89162626.jpg

ဒါပေမယ့် တောင်ကိုရီးကပရိသတ်တွေကတော့ ဆွန်ဟောင်မင်ကို ဒေါသတကြီးတုံ့ပြန်ခဲ့ကြပြီး အမုန်းစကားအများအပြားကိုလည်း မှတ်ချက်တွေပေးခဲ့ကြတာတွေ့ရပါတယ်။ ပရိသတ်တွေက တောင်ကိုရီးယားအသင်းရဲ့ရလဒ်နဲ့ပက်သတ်ပြီး မကျေမနပ်ဖြစ်နေကြကာ ဆွန်ဟောင်မင်ကိုလည်း အသင်းခေါင်းဆောင်နေရာကနေ နှုတ်ထွက်ပေးဖို့အထိ ပြင်းထန်တဲ့ဝေဖန်မှုတွေ လုပ်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/00/001d46488fecab7ab41d664a7d98927d23299f77.jpg

တစ်ဖက်မှာတော့ ဒဏ်ရာရလို့ခွဲစိတ်ထားတာတောင် မျက်နှာဖုံးတပ်ပြီး ကစားပေးခဲ့တဲ့အထိ အနစ်နာခံပေးခဲ့တဲ့ ဆွန်ဟောင်းမင်ကို ကိုယ်ချင်းမစာပဲဝေဖန်နေတာတွေဟာ မဖြစ်သင့်ဘူးလို့ ပြောနေကြပါတယ်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T