လတ်တလော နာမည်ကြီးနေတဲ့ ဒရမ်မာဖြစ်တဲ့ “Cheer Up” ရဲ့အပိုင်းတစ်ပိုင်းဟာ ပရိသတ်တွေကြားရေပန်းစားနေပါတယ်။ “Cheer Up” ဟာဆိုရင် ကျောင်းတစ်ကျောင်းရဲ့ အားပေးတဲ့ ပန်းပွားနဲ့ ဘင်ခရာအဖွဲ့အကြောင်းကို ရိုက်ကူးထားတဲ့ဒရမ်မာတစ်ခုဖြစ်ပါတယ်။
Han Ji Hyun ကိုတော့ တက္ကသိုလ်အားပေးအဖွဲ့ရဲ့ လူသစ်အဖြစ်သရုပ်ဆောင်ထားတာတွေ့ရပြီး မင်းသား Bae In Hyuk ဟာဆိုရင်တော့ အဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် သရုပ်ဆောင်ထားပါတယ်။
အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ အပိုင်းတစ်ခုမှာတော့ Bae In Hyuk နဲ့ Han Ji Hyun တို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးကိုတွေ့ရပါတယ်။ ထုတ်လွှင့်ဆဲဖြစ်တဲ့ အဲ့ဒီဒရမ်မာရဲ့ အပိုင်း ၁၁ မှာ Bae In Hyuk တို့အတွဲအတူပျော်စရာအချိန်လေးတွေဖြုန်းနေတာတွေ့ရပြီး ဟန်မြစ်ကြီးဘေးမှာဒိတ်လုပ်ရင်း အနမ်းချိုချိုလေးတွေဖလှယ်နေကြတာ တွေ့ရပါတယ်။
ဒါ့အပြင် သူတို့နှစ်ဦးသားဟာ ခုံတန်းတစ်ခုပေါ်မှာအတူပူးကပ်ထိုင်ရင်း အချစ်ပါတဲ့အကြည့်တွေနဲ့ အချစ်တွေကိုပြသနေတာကလည်း ပရိသတ်တွေကိုစိတ်လှုပ်ရှားစေပါတယ်။ ပြီးခဲ့တဲ့ အပိုင်း ၁၁ ကတော့ပရိသတ်တွေကို အသည်းယားပြီး စောင်ကိုက်စေခဲ့ကာ ဒီနေ့ညလွှင့်မယ့်အပိုင်း ၁၂ မှာလည်း ဘယ်လိုအသည်းယားစရာအခန်းတွေပါလာမလဲဆိုတာကိုတော့ ပရိသတ်တွေကရင်ခုန်စိတ်လှုပ်ရှားနေကြပါတယ်။
Photos- credit