ကိုယ်ဝန်ရှိနေပြီလားလို့ ထင်ကြေးတွေပေးခံနေရတဲ့ Justin Bieber ရဲ့ ဇနီး Hailey Bieber

//s9.kh1.co/e9/e9d72c8839229dec88db7fc2d3d3a3745d5a7a69.jpg
အနုပညာရှင်များ

 ၂၉-နို-၂၀၂၂ ၃pm · လွန်ခဲ့သော တစ်နှစ် က

အိမ်ထောင် သက်တမ်းက (၄) နှစ်ရှိနေပြီး ဗိုက်ကလေးထွက်နေတာကြောင့် ကိုယ်ဝန်များရှိနေပြီလားဆိုပြီး ...

နိုင်ငံတကာက ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ Justin Bieber ကတော့ သူ့ချစ်သူ မော်ဒယ် Hailey Bieber 2018 ကတည်းက လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ အိမ်ထောင်သက် ၄ နှစ်ရှိပြီဖြစ်တာကြောင့် သူတို့ရဲ့ရင်သွေးလေးကို ပရိသတ်တွေက စောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

မကြာသေးမီရက်ပိုင်းက Hailey Bieber က ဗိုက်ကလေးထွက်နေတာကြောင့် ကိုယ်ဝန်များရှိနေပြီလားဆိုပြီး အားလုံးက စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ Hailey ဟာ သူမရဲ့ ဗိုက်လေးပူနေရခြင်းရဲ့ နောက်ကွယ်က နာကျင်စရာ ဇာတ်လမ်းကို ပြောပြခဲ့ပါတယ်။အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူမက မကြာသေးမီရက်ပိုင်းက သူမရဲ့ လူမှုကွန်ယက်မှာ သူမရဲ့ ဗိုက်ပုံလေးကို မျှဝေခဲ့ပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

"ကျွန်မ သားဥအိမ်မှာ ပန်းသီးအရွယ်လောက်ရှိတဲ့ အရည်အိတ်ရှိနေတာပါ။ endometriosis (သားအိမ်နရံမှာ ကပ်တွယ်တတ်တဲ့ ပိုးတစ်မျိုး)လည်း မဟုတ်သလို၊ PCOS လည်း မရှိပါဘူး၊ ဒါပေမယ့် သ ကလေးလေးလည်း မဟုတ်ပါဘူး" ဆိုတဲ့ Caption လေး နဲ့ Post တင်ခဲ့တာပါ။ ပရိသတ်တွေကတော့ သူမကို သနားနေကြပြီး အမြန်သက်သာလာပါစေ၊ သူတို့ဇနီးမောင်နှံ အမြန်ကျန်းမာပြီးရောဂါဘယတွေလည်း ကင်းဝေးပါစေလို့ ဝိုင်းပြီး ဆုမွန်ကောင်းပေးနေကြပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com

သတင်း အရင်းအမြစ်Popular.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T