အရင်ကထွက်ခဲ့သမျှ ကမ္ဘာ့ဖလားသီချင်းတွေ မရဖူးသေးတဲ့ အရာကိုအရယူပြလိုက်တဲ့ 'Dreamers'…

//s9.kh1.co/91/91dbd59609377c74ea69c24817f540d35039477a.jpg
အနုပညာရှင်များ

 ၂၉-နို-၂၀၂၂ ၃pm · လွန်ခဲ့သော တစ်နှစ် က

ဒါကြောင့်ပဲ Jungkook ရဲ့ ကမ္ဘာ့ဖလားသီချင်းဟာ...

BTS အဖွဲ့ရဲ့ Jungkook လေးဟာဆိုရင်တော့ Dreamers သီချင်းထွက်ပြီးကတည်းက စံချိန်တွေမျိုးစုံကိုချိုးလာခဲ့ပြီး အခုတစ်ခေါက်ချိုးလိုက်တဲ့ စံချိန်ဟာဆိုရင်တော့ အကြီးဆုံးစံချိန်ကြီးလို့ ပြောလို့ရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/ac/ac822a744e49cbf108ecb59e329f4ffa9c3fd3f6.jpg

၂၀၂၂ ဖီဖာကမ္ဘာ့ဖလားသီချင်းဖြစ်တဲ့ Dreamers ဟာဆိုရင်အမေရိကန်ရဲ့  Billboard's Digital Song Sales မှာနံပါတ်တစ်နေရာကိုရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ Jungkook ရဲ့ ကမ္ဘာ့ဖလားသီချင်းဟာ အခုအချိန်အထိထွက်ခဲ့သမျှ ကမ္ဘာ့ဖလားသီချင်းတွေထဲ Billboard ထဲဝင်တဲ့ပထမဆုံးနဲ့ တစ်ခုတည်းသောသီချင်းဖြစ်လာပါတယ်။

ဒါ့အပြင် Jungkook သည် တစ်နှစ်တည်းအတွင်း Billboard Digital Song Sales ဇယားတွင် နံပါတ် 1 အများအပြားရရှိတဲ့ တစ်ဦးတည်းသောအာရှအဆိုတော်အဖြစ် BTS နဲ့အတူပူးပေါင်းရရှိခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=550,h=309,q=100/c6/c6fdde456f1f6d23ba28f7528d483bf525d0b7a0.webp

ပရိသတ်တွေကြားမှာတော့ Jungkook ဟာအအောင်မြင်ဆုံး BTS အဖွဲ့ဝင်အဖြစ် ရှိနေပြီး ဂုဏ်ယူစရာ idol တစ်ဦးဖြစ်လို့နေပါတယ်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T