ကမ္ဘာ့လျှာအရှည်ဆုံးလူသား‌အဖြစ် ဂင်းနစ်စံချိန်ချိုးနိုင်ခဲ့တဲ့ အမျိုးသား

//s9.kh1.co/a9/a9257a2ae9c8fb8e397c847f4d68a669afcfc3ae.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-နို-၂၀၂၂ ၃pm · လွန်ခဲ့သော တစ်နှစ် က

ကမ္ဘာ့လျှာအရှည်ဆုံးလူသား‌အဖြစ် ဂင်းနစ်စံချိန်ချိုးနိုင်ခဲ့တဲ့ အမျိုးသား

ကျွန်တော်တို ပတ်ဝန်းကျင်မှာ မကြာခဏ ကြားရတဲ့ ဗန်းစကားရှိပါတယ်။ အဲ့တာက "လျှာရှည်တဲ့လူ" ဆိုတဲ့ ပြောနေကြ စကားပါ။ အခုလည်း အဲ့သလို လျှာရှည်တယ်ဆိုတဲ့ စကားနဲ့ လိုက်ဖက်တဲ့သူကို တွေ့ရပါပြီ။ ဒါကတော့ မကြာသေးမီက အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် Salinas မြိုမှာနေထိုင်တဲ့ Nick Stoeberl ဆိုတဲ့အမျိုးသားဟာ ထူးခြားတဲ့ လျှာအရှည်ဆုံးလူသားအဖြစ် ဂင်းနစ်စံချိန်သစ်ကို ချိုးနိုင်ခဲ့ပါတယ်။

Photo Credit - Guinness World Records
Photo Credit - Guinness World Records

သူ့ရဲ့ လျှာအရှည်က ၁၀.၁ စင်တီမီတာ (၃.၉၇ လက်မ) ဆိုတော့ ၄ လက်မ နီးပါးရှိတာဖြစ်ပါတယ်။ ဒီအရွယ်အစားက ဒိုးနပ်ငါးကွင်းကို အေးဆေး ကိုင်ထားနိုင်လောက်ပါတယ်။ Nick တစ်ယောက်တည်း လျှာက ရှည်တာမဟုတ်ပါဘူး။ သူ့ရဲ့ ညီဖြစ်သူ Chad ကလည်း လျှာအလွန်ရှည်ပါတယ်။ Nick တို ညီအစ်ကို နှစ်ယောက်က မကြာခဏဆိုလို လူတွေကို ရယ်မောအောင် သူတိုရဲ့ လျှာရှည်ကြီးတွေကို ထုတ်ပြကြတယ်လို ဆိုပါတယ်။

Photo Credit - Guinness World Records
Photo Credit - Guinness World Records
Photo Credit - Guinness World Records
Photo Credit - Guinness World Records

ပြီးတော့ နေ့စဉ်အလုပ်တွေအတွက် သူ့လျှာဟာ အရမ်း အသုံးဝင်တယ်လို ဆိုပါတယ် ။ အခြားသူတွေက လက်သုတ်ပဝါကို သုံးဖို လိုအပ်ချိန်မှာ Nick က သူ့လျှာကို ထုတ်ပြီး လက်သုတ်ပါဝါအဖြစ် ပွတ်တိုက်ပေးနိုင်တယ်လို သိရပါတယ်။ ဒါ့အပြင် သူ့ရဲ့ လျှာကိုအသုံးပြုပြီး တခါတလေ ပန်းချီရေးဆွဲတယ်လို့ ဆိုပါတယ်။ 

Photo Credit - Guinness World Records
Photo Credit - Guinness World Records

သတင်း အရင်းအမြစ်Source - Guinness World Records

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T