ခမ်းနားကြီးကျယ်လွန်းလှတဲ့သူမရဲ့ မင်္ဂလာပွဲပုံရိပ်လေးတွေကို ပရိသတ်တွေဆီဝေမျှပေးလာတဲ့ နာမည်ကြီးမင်းသမီး Ko Sung Hee

//s9.kh1.co/41/41e522f49bf053262be4783e05e229611e80b064.jpg
အနုပညာရှင်များ

 ၂၉-နို-၂၀၂၂ ၁pm · လွန်ခဲ့သော တစ်နှစ် က

ခမ်းနားကြီးကျယ်လွန်းလှတဲ့သူမရဲ့ မင်္ဂလာပွဲပုံရိပ်လေးတွေကို ပရိသတ်တွေဆီဝေမျှပေးလာတဲ့ နာမည်ကြီးမင်းသမီး Ko Sung Hee

တောင်ကိုရီးယားနာမည်ကျော်မင်းသမီး Ko Sung Hee ဟာဆိုရင် မကြာသေးမီက အကျဉ်းချုံးကျင်းပခဲ့တဲ့ သူမရဲ့မင်္ဂလာပွဲပုံရိပ်လေးတွေကို ပရိသတ်တွေဆီ ဝေမျှပေးလာခဲ့ပါတယ်။ Ko Sung Hee ရဲ့သတို့သားလောင်းက အနုပညာလောကထဲကသူမဟုတ်တာကြောင့် Ko Sung Hee က မင်္ဂလာပွဲကို လူသိရှင်ကြားမဟုတ်ဘဲ အကျဉ်းချုံးသာ ကျင်းပခဲ့တာဖြစ်ပါတယ်။ မင်းသမီး Ko Sung Hee က နိုဝင်ဘာလ ၂၈ ရက်နေ့က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မင်္ဂလာဆောင်သွားပေမယ့် မပြောင်းလဲတဲ့ ချစ်ခြင်းတွေနဲ့ သူမကို ချစ်ပေးကြတဲ့ ထောက်ပံ့ပေးကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောထားပြီး မင်္ဂလာပွဲပုံရိပ်လေးတွေကို ဝေမျှပေးခဲ့တာဖြစ်ပါတယ်။

Google
Google

Ko Sung Hee က မင်္ဂလာပွဲမှာ အဖြူရောင်သတို့သမီးဝတ်စုံလေးနဲ့ ကျက်သရေရှိလွန်းပြီး လှပနေတာဖြစ်ပါတယ်။ Ko Sung Hee ရဲ့ ဖြူစင်ရိုးသားတဲ့ သတို့သမီးဂါဝန်နဲ့ပုံရိပ်လေးက ချက်ချင်းဆိုသလို ပရိသတ်တွေကြားမှာ နာမည်ကြီး နေပြီး ဝတ်စုံလေးနဲ့ လိုက်ဖက်မှုရှိလွန်းနေတာကြောင့် ပရိသတ်တွေက များစွာ ချစ်နေကြတာဖြစ်ပါတယ်။

Google
Google
Google
Google
Google
Google

Ko Sung Hee က သူမ သတို့သားလောင်းရဲ့လက်ကို ဆုပ်ကိုင်ထားပြီး မင်္ဂလာအခမ်းအနားကိုလာတဲ့ ပုံရိပ်လေးက အရမ်းကို ကြည့်လို့ကောင်းလွန်းနေပါတယ်။ Ko Sung Hee ရဲ့ ကြည်နူးစရာ မင်္ဂလာပွဲလေးကို Netizen တွေအားလုံးကလည်း ဝိုင်းဝန်း ဂုဏ်ပြုပေးထားကြပါတယ်။

Google
Google
Google
Google
Google
Google

Netizens တွေက Ko Sung Hee ရဲ့ မင်္ဂလာပွဲပုံရိပ်လေးတွေအောက်မှာ “အရမ်းလှတယ် ဂုဏ်ယူပါတယ်ကောင်မလေးရေ .. “ “ရုပ်ရှင်လေးတစ်ခုအလား ချစ်ဖို့ကောင်းလိုက်တာ ကောင်မလေးရေ ..” “သာယာပျော်ရွှင်ဖို့ကောင်းတဲ့ ဘဝလေးကို ရရှိပိုင်ဆိုင်နိုင်ပါစေ” စတဲ့ မှတ်ချက်လေးတွေ အမြောက်အများ ပေးထားကြပါတယ်။ 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T