ရေနွေးက ရေအေးထက် ရေခဲအဖြစ်မြန်တယ်ဆိုတာ သိပါသလား..?

//s9.kh1.co/9e/9e2c18397474083d56fc1300740a7f179d32ad78.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-နို-၂၀၂၂ ၁၀am · လွန်ခဲ့သော တစ်နှစ် က

ရေနွေးက ရေအေးထက် ရေခဲအဖြစ်မြန်တယ်ဆိုတာ သိပါသလား..?

ကျွန်တော်တို့တွေ နေ့စဉ်အမြဲလုပ်ဆောင်နေတဲ့ အချို့အရာတွေက တကယ်ကိုလျှို့ဝှက်ဆန်းကြယ်မှုတွေရှိတာတော့ အမှန်ပါ။ အချို့အရာတွေရဲ့သိပ္ပံနည်းကျသဘောသဘာဝအရ လွန်စွာစိတ်ဝင်စားစရာ ကောင်းပါတယ်။ အခုဖော်ပြပေးမှာကလည်း လူ ၁၀၀ မှာ ၈၅ ရာခိုင်နှုန်းလောက်က မသိသေးတဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကတော့ လူတော်တော်များများမသိသေးတဲ့ ရေနွေးက သာမန်ရေအေးထက် ရေခဲအဖြစ်မြန်တယ်ဆိုတာပါ။ ဟုတ်ပါတယ်... ပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ ကျွန်တော်တို့ ကျိုချက်ပြီးသား ရေနွေးက သာမန်ရေအေးထက် ရေခဲအဖြစ်ပိုမြန်ပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

ဘာကြောင့် ရေခဲအဖြစ်ပိုမြန်သလဲဆိုရင်တော့ ရေကို အပူပေးသောအခါမှာ ရေမော်လီကျူးများဟာ ရွေ့လျားမှု ပိုမိုမြန်ဆန်လာပါတယ်။ ပြီးတော့ မော်လီကျူးတစ်ခုနှင့်တစ်ခုဟာ ခုန်ပေါက်ပြီး ပိုမိုရွေ့လျားသွားကာ မော်လီကျူးများကြားမှာ နေရာပိုရှိတာကြောင့် ရေနွေးပမာဏဟာ မော်လီကျူးများနည်းပြီး တူညီတဲ့ ရေအေးရဲ့ အလေးချိန်ထက် အနည်းငယ်နည်းသွားတာ ဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

ဥပမာအနေနဲ့ သကြား နှင့် ဆား အပါအဝင် အစိုင်အခဲ အများစုဟာ အပူချိန် တိုးလာတာနဲ့ အမျှ ပိုမိုပျော်ဝင်နိုင်ပါတယ်။ အဘယ်ကြောင့်ဆိုတော့ အပူဟာ မော်လီကျူးလှုပ်ရှားမှုကို တိုးမြင့်စေပြီး ရေမော်လီကျူးများနှင့် အစိုင်အခဲများကြားမှာ တိုက်မိမှု ပိုများလာတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် သင့်အိမ်မှာ ရေခဲတုံးဗန်းကို ပြန်ဖြည့်တဲ့အခါ ပိုပူတဲ့ရေကို သုံးကြည့်ပါ။ အဲ့ဒီ ရေနွေးဟာ သာမန်ရေအေးထက် ပိုပြီး‌အေးခဲလာတာကို သင်တွေ့ရမှာပါ။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ်Source - sciencefocus

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T