ခန္ဓာကိုယ်ပေါ်က ယားယံတဲ့နေရာကို ကုတ်ခြစ်ဖို့ တုတ်ချောင်းတွေကို အသုံးပြုကြတဲ့ ပင်လယ်ပျော်ငှက်များ

//s9.kh1.co/9e/9e0c9a075e12890a18a3c4b7158636fc8ac4361b.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-နို-၂၀၂၂ ၁pm · လွန်ခဲ့သော တစ်နှစ် က

ခန္ဓာကိုယ်ပေါ်က ယားယံတဲ့ နေရာကို ကုတ်ခြစ်ဖို့ တုတ်ချောင်းတွေကို အသုံးပြုကြတဲ့ ပင်လယ်ပျော်ငှက်များ

Puffins လို့ခေါ်တဲ့ ပင်လယ်ပျော်ငှက်တွေဟာ လှပတဲ့ သူ့ရဲ့နှုတ်သီးများကြောင့် ဂုဏ်ယူဝံ့ကြွားတတ်ကြပြီး အလွန်လိမ္မာပါးနပ်တဲ့ ငှက်များပင် ဖြစ်ပါတယ်။ ဒီပင်လယ်ပျော်ငှက်တွေက အများအားဖြင့် မြောက်အတ္တလန်တိတ် သမုဒ္ဒရာမှာ ‌နေထိုင်ကျက်စားကြတာ ဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

စိတ်ဝင်စားစရာကောင်းတာက ဒီငှက်တွေဟာ ကိရိယာတွေကို ကောင်းကောင်း ကြီးအသုံးချတတ်ကြတာပါ။ သူတို့ရဲ့ ဝမ်းဗိုက်ရှိ ယားယံသည့်နေရာကို ခြစ်ဖို့ ငှက်တွေဟာ သစ်အကိုင်းအခက်များကို ရှာဖွေကြပြီး သေးငယ်တဲ့ တုတ်ချောင်း‌တွေ့ရင် နှုတ်သီးနဲ့ ကောက်ယူပြီး သူ့ကိုယ်သူပြန်ခြစ်ကြပါတယ်။ ဒီလိုမျိုး တုတ်နဲ့ခြစ်တာကတော့ ငှက်များမှာ အသုံးပြုတဲ့ ဒုတိယမြောက်ကိရိယာလည်း ဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

သူတို့ ပုံမှန် အသိုက်ဆောက်လုပ်တဲ့အခါမျိုးမှာတော့ မြက် (ဒါမှမဟုတ်) အမွေးတွေလို ပျော့ပျောင်းတဲ့ အရာလေးတွေနဲ့ စုဆောင်းလုပ်ရတာကို နှစ်သက်ကြပါတယ်။ ကိရိယာတွေကို အသုံးချတတ်တာကတော့ ပင်လယ်ငှက်ပဲတော့ မဟုတ်ပါဘူး။ ပုရွက်ဆိတ်များကလည်း သူတို့ရဲ့ ခန္ဓာ‌ကိုယ်ပေါ်က ကပ်ပါးပိုးတွေကို တွန်းလှန်ဖို့ အလားတူ ကိရိယာတွေကို အသုံးပြုကြပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ်Source - CNN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T