ကင်ဆာရောဂါ ခံစားနေရကြောင်းစိတ်မကောင်းစွာ ပြောလာတဲ့ Naeun ၊ Gunhoo နဲ့ Jinwoo တို့ရဲ့ မေမေ

//s9.kh1.co/22/221a8b8cb81ec8a53570c6c57cf7346430506d5b.jpg
အနုပညာရှင်များ

 ၂၆-နို-၂၀၂၂ ၄pm · လွန်ခဲ့သော တစ်နှစ် က

ကင်ဆာရောဂါ ခံစားနေရကြောင်းစိတ်မကောင်းဖွယ်ပြောလာတဲ့ Naeun ၊ Gunhoo နဲ့ Jinwoo တို့ရဲ့ မေမေ

Superman is Back’ အစီအစဉ်မှာ ရိုက်ကူးရေးတွေ ပြုလုပ်လျက်ရှိတဲ့ Naeun ၊ Gunhoo နဲ့ Jinwoo တို့ရဲ့ မေမေဟာဆိုရင် လက်ရှိမှာ ကင်ဆာ ရောဂါဝေဒနာ ခံစားနေရလျက်ရှိတယ်လို့ သိရပါတယ်။ဒီအကြောင်းအရာကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ မေမေ Anna က သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှပေးခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=353,q=100/15/154842473671b2d54f2178da52c6734d547ad981.jpg

မေမေ Anna က လက်ရှိမှာ ကင်ဆာရောဂါကုထုံးကို ကုသမှုခံယူနေတာဖြစ်ပြီး ရောဂါသက်သာဖို့အတွက် အကောင်းဆုံးကြိုးစားလျက်ရှိတယ်လို့ ဆိုပါတယ်။Anna က သူမကိုယ်သူမ ဖော်ပြတဲ့နေရာမှာ မတော်ကြောင်း ၊ အရာအားလုံးကို ယုံကြည်မှု ရှိရှိ ဖြတ်သန်းသွားမှာဖြစ်ကြောင်း ၊

https://s9.kh1.co/__image/w=650,h=434,q=100/d6/d6b368438a74ff6563c81f8cf81ef75006e065d1.jpg

အခုကိစ္စနဲ့ ပတ်သက်ပြီး တခါမှ ဆိုးရွားတယ်လို့ မခံစားခဲ့ရကြောင်း ၊ တိတ်တဆိတ်နေခဲ့တဲ့အတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ကြောင်း ၊ သူမအနေနဲ့လက်ရှိအချိန်မှာ အရမ်းကို ပျော်ရွှင်ပါကြောင်း ၊ သူမကို အသက်ရှင်သန်စေချင်တဲ့သူတွေ စိတ်မပျက်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ခွန်အားအပြည့်နဲ့ ရေးသားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/62/62de4ef44f7953a04d55cf82735ca8bdeec15358.jpg

Anna က လက်ရှိမှာ ရေဒီယိုကုထုံးနဲ့ရောဂါ ကုသနေလျက်ရှိပြီး ကင်ဆာရောဂါကနေ အပြည့်အဝ သက်သာဖို့ ကြိုးစားလျက်ရှိတယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=832,q=100/f6/f66070db1e52723211ad2e019b4166b970acc030.jpg

Anna က KBS variety program တစ်ခုဖြစ်တဲ့ 'Superman is Back’ အစီအစဉ်က ကလေး ၃ ယောက်ရဲ့ မိခင်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/f6/f6d53d3588cc9da16a7d6668ae7d7ac245b2a3f0.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T