ဂိုးမသွင်းနိုင်ဘဲ တစ်မှတ်စီ ခွဲယူခဲ့တဲ့ အင်္ဂလန် နဲ့ အမေရိကန်

//s9.kh1.co/86/86e5655e22186239c851c7c8861d92eae4ad905f.jpg
အားကစားသတင်းများ

 ၂၆-နို-၂၀၂၂ ၁၀am · လွန်ခဲ့သော တစ်နှစ် က

.

ဒီနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ကမ္ဘာဖလား အုပ်စု(B) ရဲ့ပွဲစဥ်တစ်ပွဲအဖြစ် အင်္ဂလန်နဲ့ အမေရိကန်တို့ပွဲစဥ်ဟာ ဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ပြီ တစ်မှတ်စီ ခွဲယူသွားခဲ့ပါတယ်။

Photo Credit- Getty
Photo Credit- Getty

ဒီပွဲမှာ အမေရိကန်အသင်း ကစားပုံကောင်းမွန်ခဲ့ပြီး အင်္ဂလန်အသင်းထက် ဂိုးပေါက်ခြိမ်းခြောက်မှုကို ပိုမိုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။

Photo Credit- Getty
Photo Credit- Getty

အမေရိကန်ဟာ ၁၉၅၀ တုန်းက အင်္ဂလန်ကို ၁-၀ ဂိုးနဲ့ နိုင်ခဲ့ပြီးတဲ့နောက် ကမ္ဘာ့ဖလားမှာ ဥရောပအသင်းတွေနဲ့တွေ့ရင် ပထမဆုံး clean sheet ရခဲ့တဲ့ပွဲလည်း ဖြစ်ပါတယ်။ အင်္ဂလန်ကလည်း ၂၀၁၀ ခုနှစ်မှာ တောင်အာဖရိကမှာ ၁-၁ သရေကျပြီးနောက် အမေရိကန်နှင့် ကမ္ဘာ့ဖလား (၃)ပွဲမှာ ပထမဆုံးအနိုင်ရဖို့ စောင့်မျှော်နေဆဲပါ။

Photo Credit- Getty
Photo Credit- Getty

အင်္ဂလန်အသင်းကတော့ ဒီပွဲမှာ သရေတမှတ်ရယူနိုင်ခဲ့တာကြောင့် ရမှတ် ၄ မှတ်နဲ့ အုပ်စုပထမနေရာမှာ ရှိနေပါတယ်။ အီရန်အသင်းကလည်း ဝေးလ်ကို အနိုင်ရရှိခဲ့ပြီး ရမှတ် ၃ မှတ်နဲ့ဒုတိယနေရာမှာရှိနေပါတယ်။ အမေရိကန်အသင်းကတော့ ရမှတ် ၂ မှတ်သာရရှိထားပြီး အီရန်အသင်းကို အနိုင်ကစားမှ အုပ်စုတက်ရမှာ ဖြစ်ပါတယ်။

Photo Credit- Getty
Photo Credit- Getty

သတင်း အရင်းအမြစ်Source - CBS NEWS

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T