အာမီတွေပျော်သွားစေမယ့် သတင်းတစ်ခုကိုကြေညာလိုက်တဲ့ RM…

//s9.kh1.co/4c/4ca4def7733d37c3bc3d0943657da2691edd00ea.jpg
အနုပညာရှင်များ

 ၂၄-နို-၂၀၂၂ ၄pm · လွန်ခဲ့သော ၃ နှစ် က

RM ဟာသူ့ရဲ့ တစ်ကိုယ်တော် album ‘Indigo’ ရဲ့ Promotions အတွက်...

BTS အဖွဲ့ဝင်ဖြစ်တဲ့ RM ဟာသူ့ရဲ့ Solo album ဖြစ်တဲ့ Indigo အတွက် solo concert အတွက်အသေးစားလေးတစ်ခုကို ကျင်းပသွားမယ်လို့ အသိပေးလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/c5/c5bff3177807ea84dc408570102db3e89bc15691.webp

နိုဝင်ဘာ ၂၃ ရက်နေ့က Big Hit Entertainment က RM ဟာသူ့ရဲ့ တစ်ကိုယ်တော် album ‘Indigo’ ရဲ့ Promotions အတွက်ပွဲလုပ်ဖို့ စီစဥ်နေကြောင်း ပြောလာခဲ့ပြီး ပွဲကတော့အသေးစားတစ်ခုဖြစ်ဖို့သာ ရှိပြီးလူပေါင်း ၂၀၀ လောက်သာတက်ရောက်ခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/d7/d711c37ae0136e43511329bb505db30c4de5e7fb.jpg

ဒီဇင်ဘာ ၅ ရက်နေ့ ည ၈ နာရီမှာစပြီးတော့ကျင်းပမယ့် အဲ့ဒီပွဲကိုတက်ရောက်မယ့်သူတွေကို မဲနှိုက်ရွေးချယ်သွားမှာဖြစ်ပြီး ပွဲကတော့ တစ်နာရီလောက်သာကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။ RM ကတော့ သူ့ရဲ့ပထမဆုံး solo album ဖြစ်တဲ့ Indigo ကိုနောက်လ ၂ ရက်နေ့မှာ စတင်ထုတ်လွှင်သွားတော့မှာ ဖြစ်ပါတယ်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T