တောင်ကိုရီးယားမင်းသား Kim Jae-Won ဟာဆိုရင် တစ်ခေတ်တစ်ခါက မြန်မာပရိသတ်တွေကြားမှာ ဟာနူးအဖြစ် နာမည်ကြီးခဲ့တဲ့သူဖြစ်ပါတယ်။ Kim Jae-Won က ဇနီးဖြစ်သူကို ရွေးချယ်တဲ့နေရာမှာ နာမည်ကြီးလွန်းတဲ့ အနုပညာလောကထဲကသူကို မရွေးချယ်ခဲ့ဘဲ သူငယ်ချင်းဖြစ်သူ သာမန်သူလေးကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Kim Jae-Won ရဲ့ အိပ်မက်က ချစ်စရာရင်သွေးလေး တစ်ယောက်ကို မွေးပြီး သာယာလှပတဲ့ အိမ်ထောင်ရေးလေးကို ရရှိပိုင်ဆိုင်လိုတာပဲ ဖြစ်ပါတယ်။ Kim Jae-Won က လက်ထပ်ပြီးတဲ့နောက်မှာ သူ့ရဲ့ ရည်မှန်းချက်အတိုင်း သူနဲ့ရုပ်ချင်း ချွတ်စွတ်တူတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ပါတယ်။


Kim Jae-Won ရဲ့ သားလေးက ပရိသတ်တွေကြားမှာသာမက အနုပညာလောကထဲမှာပါ နာမည်ကြီးတဲ့သူလေး ဖြစ်ပါတယ်။ Kim Jae-Won က အိမ်ထောင်မပြုခင်ကတည်းက မိန်းမယူမယ်ဆိုရင် တစ်ယောက်တည်းကိုပဲ သစ္စာရှိရှိလက်ထပ်မှာဖြစ်ပြီး ကလေးကိုလည်း အချိန်မဆွဲဘဲ ချက်ချင်းယူမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

မင်းသား Kim Jae-Won က ၂၀၁၃ ခုနှစ် ၊ အသက် ၃၂ နှစ်အရွယ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ Kim Jae-Won က အမျိုးသမီးဖြစ်သူရဲ့ ပုံရိပ်ကို အမြဲလိုလို ဖုံးကွယ်ထားလေ့ရှိတဲ့သူဆိုပေမယ့် သားလေးကိုတော့ သူနဲ့အတူတူ အမြဲ တွဲပြီး ပုံလေးတွေ တင်လေ့တင်ထရှိပါတယ်။

တစ်ခုတည်းသိရတဲ့အကြောင်းအရင်းက Kim Jae-Won ရဲ့အမျိုးသမီးက Kim Jae-Won ရဲ့အသက်တူပြီး ကုမ္ပဏီဝန်ထမ်းတစ်ယောက် ဖြစ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ပိုပြီးထူးဆန်းတာက သူတို့နှစ်ဦးက ချိန်းတွေ့ပြီး ၈ လအကြာမှာပဲ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။



ပရိသတ်တွေ သိချင်နေကြတဲ့ တောင်ကိုရီးယားမင်းသား Kim Jae-Won ရဲ့ အမျိုးသမီးဖြစ်သူအကြောင်းကို စိတ်ဝင်စားဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။