တောင်ကိုရီယားမင်းသား Lee Seo Jin ဟာဆိုရင် ပရိသတ်တွေထင်သလိုမျိုးချမ်းသာကြွယ်ဝတဲ့သူမဟုတ်တဲ့အကြောင်း ပြန်လည်ဖြေရှင်းပေးလာခဲ့ပါတယ်။ Lee Seo Jin က အခုအကြောင်းအရာကို tvN ရဲ့ You Quiz on the Block အစီအစဉ်မှာ နိုဝင်ဘာလ ၉ ရက်နေ့ကထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။မင်းသား Lee Seo Jin က အသက်ငယ်ငယ်လေးကတည်းက ရုပ်ရှင်နဲ့ဂီတပိုင်းကို စိတ်ဝင်စားပြီး ရည်ရွယ်ချက်အတိုင်း အနုပညာအလုပ်တွေ လုပ်နိုင်ဖို့အတွက် ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

Lee Seo Jin က စစ်တပ်ကနေ ပြန်လာပြီးပြီးချင်းမှာ ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ ပါဝင်ခဲ့ပြီး အကောင်းဆုံး ကြိုးစားခဲ့တယ်လို့ဆိုပါတယ်။Lee Seo Jin က စစ်မှုထမ်းဆောင်နေစဉ်ကာလမှာ ထူးချွန်လွန်းတဲ့ အရည်အချင်းရှိတာကြောင့် လုံခြုံရေး အရာရှိအဖြစ်တောင် တာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။

Lee Seo Jin က ချမ်းသာကြွယ်ဝလွန်းတဲ့သူဖြစ်ပြီး ပိုင်ဆိုင်မှု ဘီလီယံ ၆၀ ဝမ် ရှိတဲ့ သူဌေးဆိုတာ မမှန်ကန်တဲ့အကြောင်းကိုလည်း ထပ်မံဖြေရှင်းထားပါတယ်။

Lee Seo Jin က ပရိသတ်တွေထင်နေသလိုမျိုး ချမ်းသာတဲ့သူမဟုတ်ကြောင်း ၊ အကယ်၍ချမ်းသာတဲ့သူဖြစ်နေရင် အခုလိုမျိုး ထိုင်နေမှာမဟုတ်ကြောင်း ၊ သူမွေးခါစအချိန်က အဘိုးဖြစ်သူဆီမှာ အိမ်တော်ထိန်း ၆ ယောက်အထိ ရှိကြောင်း

၊ အဘိုးဖြစ်သူက ချမ်းသာလွန်းတဲ့သူဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ စည်းစိမ်ကြွယ်ဝမှုတွေ တဖြည်းဖြည်းနည်းလာကြပြီး ဘာမှ မကျန်ခဲ့တော့ကြောင်း ၊ ဒါ ကြောင့် လက်ရှိ Lee Seo Jin က ဘာမှ မဟုတ်တဲ့သူဖြစ်ကြောင်း ၊ ဒါ ကြောင့် အများထင်သလိုမျိုး ချမ်းသာတဲ့သူမဟုတ်ကြောင်းကို ဖြေရှင်းပြောကြားထားပေးပါတယ်။

တောင်ကိုရီးယားမင်းသား Lee Seo Jin က အသက် ၅၁ နှစ်ရှိနေပြီဖြစ်ပြီး လက်ရှိမှာ လက်မထပ်ရသေးတဲ့ လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။
