တောင်ကိုရီးယား မိန်းကလေး အဆိုတော်များအဖွဲ့ Girls' Generation အဖွဲ့ဝင် Taeyeon တင်ခဲ့တဲ့ Post တစ်ခုဟာမကြာသေးမီက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးရေပန်းစားနေပါတယ်။

အဆိုပါ အကြောင်းအရာကို Taeyeon က နိုဝင်ဘာလ ၈ ရက်နေ့က တင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါအကြောင်းအရာထဲမှာ Taeyeon က "Even if I'm no longer here, the world goes on” (ငါထပ်ပြီး မရှိတော့ရင်တောင် ကမ္ဘာကြီးက ရှေ့ဆက်သွားနေမှာပါ) ဆိုတဲ့ စာသားလေးပါဝင်နေပါတယ်။

စာအရေးသားလေးကတိုတောင်းပေမယ့် ပရိသတ်တွေရင်ထဲကို ထိစေခဲ့ပြီး Taeyeon ရဲ့ခံစားချက်တွေကိုပါ မြင်စေခဲ့တာကြောင့်ပရိသတ်တွေများစွာက စိတ်ပူနေကြပါတယ်။ တချို့ပရိသတ်တွေကလည်း Taeyeon ရဲ့ ပိုစ့်အောက်မှာ “မင်းမရှိတော့ရင် ကမ္ဘာကြီးကရပ်တန့်သွားမှာပါ။”

“မင်းမရှိတော့ရင် ကမ္ဘာကြီး ရပ်သွားမှာ” စသဖြင့် မှတ်ချက်လေးတွေ ပေးထားကြပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာဆိုရင် အိုင်ဒေါတွေက စိတ်ဖိစီးမှုများလွန်းပြီး စိတ်ကျရောဂါ ခံစားရကာ အဆုံးစီရင်ကြတဲ့ ဖြစ်ရပ်တွေ များစွာရှိနေပါတယ်။

ဒါကြောင့် Taeyeon ကိုလည်း စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး တစ်ခုခုများဖြစ်နေတာလာရဆိုပြီး ပရိသတ်တွေက စိုးရိမ်မှုမြင့်တက်နေကြတာဖြစ်ပါတယ်။
