Kara အဖွဲဝင် Kang Ji Young နဲ့ Heo Young Ji တို့ဟာဆိုရင် ကွယ်လွန်သွားတာ ၃ နှစ်ကြာသွားပြီဖြစ်တဲ့ သူငယ်ချင်းဖြစ်သူ Goo Ha Ra ဆီကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒီအကြောင်းအရာကို နိုဝင်ဘာလ ၂၄ ရက်နေ့က Kang Ji Young ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာ Kang Ji Young က လှပတဲ့ ပန်းစီးလေးကို ကောင်းကင်ပေါ်ကို မြှောက်တင်ပြီး ပေးအပ်နေတာဖြစ်ပါတယ်။

သူတို့နှစ်ဦးက ကွယ်လွန်သွားပြီဖြစ်တဲ့ သူငယ်ချင်း Goo Ha Ra ကို လာတွေ့ကြတာလို့ ဖော်ပြထားတာကြောင့် ပရိသတ်တွေက သူတို့သူငယ်ချင်းစိတ်ဓာတ်လေးကို အရမ်းချစ်နေကြပါတယ်။

သူတို့နှစ်ဦးက ကွယ်လွန်သွားတဲ့ သူငယ်ချင်း Goo Ha Ra နဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကိုပါ အတူတွဲပြီးတင်ထားပါတယ်။တောင်ကိုရီးယား အိုင်လ်ဒေါမလေး Goo Ha Ra ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တုန်းက ဆိုလ်းမြိူ့ ၊ Cheongdam-dong မှာ သေဆုံးလျက်တွေ့ရှိခဲ့တာဖြစ်ပါတယ်။


Goo Ha Ra သေဆုံးသွားတဲ့သတင်းက နိုင်ငံတကာက ပရိသတ်တွေကိုသာမက သူငယ်ချင်း အပေါင်းအသင်းတွေ များစွာကိုပါ ဝမ်းနည်းပြီး ယူကြုံးမရ ဖြစ်သွားစေခဲ့ပါတယ်။
