Park Shin Hye နဲ့ Choi Tae Joon တို့က 2022 ခုနှစ် ဇန်နဝါရီလ 22 ရက်နေ့မှာ တရားဝင်လက်ထပ်ခဲ့ကြပြီး လက်ရှိမှာလည်း သားလေးတစ်ဦးကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ Jung Kyung Ho နဲ့ Sooyoung တို့ကလည်း 2013 အစောပိုင်းမှာ ချိန်းတွေ့နေပြီလို့ ပြောပြခဲ့ပါတယ်။

Park Shin Hye နဲ့ Choi Tae Joon တို့ဟာ လက်ရှိအချိန်မှာ မိဘတွေ အဖြစ်နဲ့ ပျော်ရွှင်နေကြပါပြီ။ ဒါပေမယ့်လည်း ဒီစုံတွဲဟာ သားလေးရှိနေပေမယ့်လည်း သမီးရည်းစားဘဝကလို ချိန်းတွေ့နေကြတုန်းပါပဲ။ လတ်တလောမှာလည်း လူမှုကွန်ယက်ထက်မှာ သူတို့ရဲ့ ပုံလေးတွေက ရေပန်းစားနေပါတယ်။


Park Shin Hye နဲ့ Choi Tae Joon တို့ဟာ စားသောက်ဆိုင်တစ်ဆိုင်မှာ ချိန်းတွေ့ကြတာကို ပရိသတ်တွေက တွေ့ခဲ့ကြတာပါ။ စိတ်ဝင်စားစရာကောင်းတာက ဒီစုံတွဲဟာ သူတို့နှစ်ယောက်တည်းမဟုတ်ဘဲ Jung Kyung Ho နဲ့ SNSD Sooyoung တို့နဲ့ပါ Date နေကြတာပါ။


Park Shin Hye နဲ့ Choi Tae Joon တို့ဟာ Jung Kyung Ho နဲ့ Sooyoung တို့ နှစ်ယောက်တွဲ အတူတူ ညစာစားရင်း date နေကြတာမို့ ပရိသတ်တွေကလည်း အားတွေကျနေကြတာပါ။ Jung Kyung Ho နဲ့ Sooyoung တို့ကိုလည်း မြန်မြန် လက်ထပ်ကြဖို့ တောင်းဆိုနေကြပါတယ်။


သတင်း အရင်းအမြစ်៖ wowkeren.com