အယ်လ်ဘမ်အသစ်နဲ့ ပရိသတ်အရှေ့ကို ပြန်လည်ရောက်ရှိလာပြီးနောက်မှာ မိန်းကလေးအဖွဲ့ Blackpink ဟာ သူတို့ရဲ့ ဖျော်ဖြေပွဲတွေကို ကမ္ဘာတဝှမ်းမှာ သွားရောက်ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ပြီး အလုပ်တွေ ရှုပ်နေကြပါတယ်။

အဆိုပါ concert ပွဲတွေက သူတို့အဖွဲ့ကို ဖန်တွေ ပရိသတ်တွေနဲ့ ပိုမိုရင်းနှီးသွားစေခဲ့ပြီး တစ်ချို့ Fan တွေကတော့ Concerts ပြီးသွားလို့ သူတို့ idol တွေကို လွမ်းနေရတော့မယ်ဆိုပြီး စိတ်မကောင်းဖြစ်နေကြပါတယ်။


မကြာသေးမီက BLACKPINK အဖွဲ့ဝင်တွေနဲ့ ပရိသတ်တစ်ဦးနဲ့ စကားပြောဆိုနေတဲ့ ဗီဒီယိုဖိုင်တစ်ခုက လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး အဆိုပါ Video မှာ Members တွေ အားလုံးက ဒီ Video ကို ကြည့်ပြီး Surprise ဖြစ်ခဲ့ကြပါတယ်။

ဗီဒီယိုထဲမှာ BLACKPINK အဖွဲ့ဝင်က စင်ပေါ်ကနေ ဆင်းလာစဉ် ပရိသတ်က live ဗီဒီယိုရိုက်ပြီး Jennie လို့ လှမ်းခေါ်လိုက်ပါတယ်။ Jennie က လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ သူ့မက Jennie ရဲ့ နာမည်ကို ကိုရီးယားလို တက်တူးထိုးထားကြောင်း ပြခဲ့ပါတယ်။


Jennie က တက်တူးကိုမြင်လိုက်ရတော့ သူမလည်းတကယ့်ကို အံ့သြသွားပြီး တခြားအဖွဲ့ဝင်တွေကလည်း လှည့်ကြည့်ပြီး အံ့သြသွားခဲ့ကြပါတယ်။ Jennie ကလည်း သူမကို အဲ့လောက်တောင် အားပေးရလားဆိုပြီး ဝမ်းသာနေပြီး သူမရဲ့ Blink လေးတွေကလည်း အံ့အားသင့်နေကြပါတယ်။


သတင်း အရင်းအမြစ်៖ Popular.com