ရင်သားကင်ဆာဖြင့် ဒီကနေ့မှာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဇာတ်ပို့သရုပ်ဆောင် ဘိုကလေးစိန်

//s9.kh1.co/2c/2c88623c59a6dd5e6888930686d720490fff7726.jpg
အနုပညာရှင်များ

 ၁၈-နို-၂၀၂၂ ၁၁am · လွန်ခဲ့သော တစ်နှစ် က

ရင်သားကင်ဆာဖြင့် ဒီကနေ့မှာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဇာတ်ပို့သရုပ်ဆောင် ဘိုကလေးစိန်

သဘာဝကျတဲ့ သရုပ်တွေနဲ့ ဗီဒီယိုဇာတ်များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် ဘိုကလေးစိန်ကို ပရိသတ်တွေ သိကြမယ်လို့ထင်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်းမှာတော့ ဇာတ်ပို့သရုပ်ဆောင် ဘိုကလေးစိန်ဟာ ကွယ်လွန်သွားပြီလို့ စိတ်မကောင်းစွာ ကြားသိရပါတယ်။

Photo Credit - Bokalaysein
Photo Credit - Bokalaysein

ကြားသိရတဲ့ သတင်းများအရ သရုပ်ဆောင် ဘိုကလေးစိန်ဟာ ရင်သားကင်ဆာဖြင့်ကွယ်လွန်သွားတာ ဖြစ်ပြီး ကွယ်လွန်ချိန်မှှာတော့ အသက် ၅၉ နှစ် ရှိပြီလို့ သိရပါတယ်။ အနုပညာလောကရဲ့ တန်ဖိုးရှိတဲ့ အနုပညာရှင်တစ်ယောက် ယခုလိုကြွေလွင့်သွားတာ ကြောင့် မိသားစုနဲ့ ထပ်တူ ဝမ်းနည်း၊ ကြေကွဲရပါတယ်။

Photo Credit - Bokalaysein
Photo Credit - Bokalaysein

ချစ်ရတဲ့ ပရိသတ်တွေနဲ့ အနုပညာမောင်နှမတွေကလည်း ဘိုကလေးစိန် အတွက် များစွား စိတ်မကောင်ဖြစ်ခဲ့ရပါတယ်။ ကဲ .. Myanmarload ပရိသတ်တွေကလည်း ဒီကနေ့မှာ ကွယ်လွန်သွားရှာတဲ့ ဇာတ်ပို့ သရုပ်ဆောင် ဘိုကလေးစိန်ကို ကောင်းရာမွန်ရာသို့ ကူးပြောင်းနိုင်အောင် ဆုတောင်းပေးကြပါဦးနော်...။

Photo Credit - Bokalaysein
Photo Credit - Bokalaysein

သတင်း အရင်းအမြစ်Source - Kyaw Kyaw

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T