ထိပ်တန်းထိုင်းမင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ မင်းသား Ter Chantavit နဲ့ မင်းသမီး Mai Davikah တို့ နှစ်ယောက်စလုံးကတော့ ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားပြီး သူများတွေ အားကျရတဲ့ Idol Couple လေးလည်း ဖြစ်ပါတယ်။ နှစ်ယောက်စလုံးကလည်း ချောမော လိုက်ဖက်လွန်းနေပြီး ပိုက်ဆံချမ်းသားတဲ့ မိသားစုတွေကနေ ကြီးပျင်းလာတာဖြစ်ပါတယ်။



2022 ခုနှစ် နိုဝင်ဘာလ 16 ရက်နေ့ကတော့ သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်း (၅) နှစ် ပြည့်တဲ့ နေ့လေးပါ။ သူတို့ရဲ့ Anniversary ကို ကမ်းခြေမှာ သွားပြီး ဆင်နွှဲနေကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေက တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေတဲ့ အကြည့်လေးတွေက ချစ်ခြင်းမေတ္တာ အပြည့်နဲ့ ရိုမန်တစ်ဆန်နေကြပါတယ်။


Davikah နဲ့ Ter တို့က Ter-Mai Anniversary လို့ နာမည်လေးပေးထားပြီး hashtag #tmanv နဲ့ သူတို့ရဲ့ IG အကောင့်မှာ စုံတွဲပုံတစ်ပုံကို တင်ခဲ့ပါတယ်။ အခုလိုမြင်တွေ့လိုက်ရတော့ ပရိသတ်တွေကလည်း သူတို့နှစ်ယောက်အတွက် ဝိုင်းဆုတောင်းပေးနေကြပြီး မြန်မြန်ရွှေလက်တွဲသွားကြဖို့ စောင့်မျှော်နေကြပါတယ်။





သတင်း အရင်းအမြစ်៖ Popular.com