အနုပညာလက်ရာတွေ ဆန်းသစ်အောင် ကိုရီးယားနိုင်ငံမှာ မိတ်ကပ်ပညာ သွားရောက်သင်ယူခဲ့တဲ့ လင်းလင်း

//s9.kh1.co/2f/2f6a62c5d9ccfd78b0bb57f5448736b3365cbbad.jpg
အနုပညာရှင်များ

 ၀၄-အောက်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

.


မြန်မာနိုင်ငံရဲ့ နာမည်ကြီး မိတ်ကပ်ပညာရှင် တစ်ယောက်ဖြစ်တဲ့ လင်းလင်းကိုတော့ ပရိသတ်တွေအားလုံးသိကြမယ်လို့ထင်ပါတယ်။ လင်းလင်းဟာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားထားတဲ့ သူတစ်ဦးဖြစ်ပါတယ်။ မိတ်ကပ်လောကမှာသာမက အနုပညာနယ်ပယ်မှာလည်း အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

PhotoCredit - Lin Linn fb page
PhotoCredit - Lin Linn fb page
PhotoCredit - Lin Linn fb page
PhotoCredit - Lin Linn fb page

လင်းလင်းဟာ အမြဲလိုလို ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး စိတ်သဘောထားပြည့်ဝတဲ့ သူဖြစ်တာကြောင့် ချစ်တဲ့သူတွေကလည်း ပေါများပါတယ်။ ဒါ့အပြင် သူမရဲ့ အလှတရားတွေကလည်း အခြား မိန်းကလေးတွေတောင် အားကျရပြီး ဆယ်ကျော်သက်လေးတစ်ယောက်လို ငယ်ရွယ်နုပျို နေတာပါ။ မကြာခဏ ဆိုရင်လည်း လင်းလင်းက အနုပညာလျှောက်လှမ်းမှုတွေကို ချစ်ရတဲ့ ပရိသတ်တွေကို ဖော်ပြလေ့ရှိပါတယ်။

PhotoCredit - Lin Linn fb page
PhotoCredit - Lin Linn fb page
PhotoCredit - Lin Linn fb page
PhotoCredit - Lin Linn fb page

ဒီကနေ့မှာတော့ လင်းလင်းက ကိုရီးယားနိုင်ငံမှာ မိတ်ကပ်ပညာ သွားရောက်သင်ယူခဲ့တဲ့ အမှတ်တရတချို့ကို ဖော်ပြလာခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာရဲ့ ခေတ်မှီပြောင်းလဲမှုတွေနဲ့အညီ အသစ်အဆန်းတွေဖြစ်အောင် သူမမြတ်နိုးတဲ့ မိတ်ကပ်ပညာကို အကောင်မွန်ဆုံး သင်ယူခဲ့တာ ဖြစ်ပါတယ်။ ချစ်တဲ့ ပရိသတ်ကလည်း သူမရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုခဲ့ပြီး ဂုဏ်ပြုပေးထားတာ တွေ့ရပါတယ်။

PhotoCredit - Lin Linn fb page
PhotoCredit - Lin Linn fb page
PhotoCredit - Lin Linn fb page
PhotoCredit - Lin Linn fb page

သတင်း အရင်းအမြစ်Source - Lin Linn fb page


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T