ဒရမ်မာဇာတ်လမ်းတွဲတွေမှာ မတွေ့ရတော့တဲ့ နာမည်ကြီးမင်းသမီး Kim Ji-Ho

//s9.kh1.co/80/80d9f720956cf3a8b796c1bd3ecf3b812cdac658.jpg
အနုပညာရှင်များ

 ၀၂-အောက်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

အခုနောက်ပိုင်းဒရမ်မာဇာတ်လမ်းတွဲတွေမှာ မတွေ့ရတော့တဲ့ နာမည်ကြီးမင်းသမီး Kim Ji-Ho

တောင်ကိုရီးယားမင်းသမီး Kim Ji-Ho ဟာဆိုရင် တစ်ချိန်တစ်ခါက ဇာတ်လမ်းတွဲပေါင်းများစွာမှာ နာမည်ကြီး တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Kim Ji-Ho က ဖန်ရွှေနင်းနဲ့ယမင်းရွှေစင်ဇာတ်လမ်းတွဲမှာ ကတည်းက လူသိများလာခဲ့တဲ့သူဖြစ်ပြီး သရုပ်ဆောင် ကောင်းလွန်းတာကြောင့် ပရိသတ်တွေ များစွာက ချီးကျူးခဲ့ရတဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=400,h=600,q=100/9a/9a5597355a1ad69ec4bec1e4671e626aabcd9dfc.jpeg

Kim Ji-Ho က ၂၀၀၁ ခုနှစ်ဒီဇင်ဘာလမှာ Millennium Seoul Hilton ဟိုတယ် မှာခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးက "More Than Love" ဇာတ်လမ်းတွဲမှာအတူတူပါဝင်သရုပ်ဆောင်ရင်းနဲ့ပဲ ချစ်ကျွမ်းဝင်ခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=500,h=666,q=100/e6/e634c5b2c5f6227e57ad9dfb7bf6a4e8f0ea4a2c.jpeg

Kim Ji-Ho နဲ့ Kim Ho-Jin တို့နှစ်ဦးက ၂၀၀၄ ခုနှစ် ၊ ဧပြီလမှာ သမီးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။မင်းသမီး Kim Ji-Ho က နာမည်ကြီးပြီး သရုပ်ဆောင်ကောင်းတဲ့သူဖြစ်ပေမယ့် ၂၀၁၆ ခုနှစ်ကနေစတင်ပြီး ဒရမ်မာ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခြင်း မရှိတော့ပါဘူး။

https://s9.kh1.co/__image/w=500,h=643,q=100/ae/aea25cc2265fdf1b864defda44b57d342ccda89e.jpeg

Kim Ji-Ho တစ်ယောက် ဒရမ်မာလောကကနေအနားယူသွားခဲ့တာ ၆ နှစ်နီးပါးတောင် ကြာသွားခဲ့ပြီဖြစ်တာကြောင့် ပရိသတ်တွေကလည်း သူမကို ဒရမ်မာထဲမှာပြန်လည် မြင်တွေ့ရဖို့အတွက် များစွာ မျှော်လင့်နေကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=250,h=399,q=100/5f/5ff5f2f5a9f56ef5852c19fecba9382693fc1913.jpeg

မင်းသမီး Kim Ji-Ho ရဲ့ အသက်ကလက်ရှိမှာ ၄၈ နှစ်အရွယ်ရှိသွားပြီပဲ ဖြစ်ပါတယ်။ တစ်ချိန်တစ်ခါက ပရိသတ်တွေကြားမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ တောင်ကိုရီးယား မင်းသမီး Kim Ji-Ho ရဲ့ လက်ရှိ အခြေအနေလေးအကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T