Kim Soo Hyun နဲ့ ဓာတ်ပုံတစ်ပုံတွဲရိုက်ဖို့ မထင်မှတ်ထားတဲ့ ငွေပမာဏ ကို အကုန်အကျခံခဲ့တဲ့ ပရိသတ်တစ်ဦး

//s9.kh1.co/87/87df78df5529b6df46a98bfa34aec75017202767.jpeg
အနုပညာရှင်များ

 ၀၂-အောက်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

Kim Soo Hyun နဲ့ ဓာတ်ပုံတစ်ပုံတွဲရိုက်ဖို့ ဝမ်သန်း ၁၈၀ အကုန်အကျခံခဲ့တဲ့ပရိသတ်တစ်ဦး

တောင်ကိုရီးယားမင်းသား Kim Soo Hyun ဟာဆိုရင် မကြာသေးမီက ထိုင်းနိုင်ငံမှာ ပရိသတ်တွေ့ဆုံပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ပရိသတ်တွေ့ဆုံပွဲကို တက်ရောက်ဖို့အတွက် ထိုင်းလူမျိုး ပရိသတ် တစ်ယောက်က အမေရိကန်ဒေါ်လာ ၁၂၆၀၀၀ ၊ တောင်ကိုရီးယားဝမ်သန်း ၁၈၀ နဲ့ မြန်မာငွေ သိန်း ၂၀၀၀ ကျော် ထိ အကုန်အကျခံခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=450,h=450,q=100/ab/aba4fd627cde1d338d62a82003a06853f0b4b019.jpeg

Kim Soo Hyun ကျင်းပပြုလုပ်ခဲ့တဲ့ ပရိသတ်တွေ့စုံပွဲနာမည်က 'Meet & Greet' ဖြစ်ပြီး ဘန်ကောက်မှာရှိတဲ့ Muongtong Thani Thunder Dome မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပရိသတ်တွေ့ဆုံပွဲရဲ့ ဝင်ကြေးက ထိုင်းဘတ်ငွေ ၅၀၀၀ ကျော်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၃၉ ကျပ်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=862,q=100/90/90748090f1117ee59f01ee913e17e3d7f1593f88.jpeg

အခြေခံ သတ်မှတ်ထားတဲ့ ဝင်ကြေးက ဘတ်ငွေ ၅၀၀၀ ကျပ်ပဲဆိုပေမယ့် ပိုပေးနိုင်တဲ့ ငွေကြေး အခြေအနေပေါ် မူတည်ပြီး လူအယောက် ၃၈၀၀ သာ ပရိသတ်တွေ့ဆုံပွဲကို တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/39/39ca6ded0d486c9c2c7b729f60fbb996096780e0.jpeg

သူတို့တွေထဲမှာ ထိပ်ဆုံးအမြင့်ဆုံးပေးနိုင်တဲ့ အယောက် ၁၀၀ က ထိုင်ခုံရှေ့ဆုံးမှာထိုင်နိုင်ပြီး Kim Soo Hyun နဲ့အတူ ဓာတ်ပုံတွဲရိုက်ခြင်း အပါအဝင် အထူးအခွင့်အရေးတွေကို ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Kim Soo Hyun ရဲ့ ပရိသတ်တွေ့ဆုံပွဲမှာ တန်ဖိုးအမြင့်ဆုံးသူက ဘတ် ၄.၇ သန်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၂၅၉၀၅ အထိ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=613,q=100/ce/ce64c9398b8e911d6a2c8056d3f031c07d5195ac.jpeg

ဒုတိယ အများဆုံး ပေးနိုင်တဲ့သူက ဘတ် ၄ သန်းဖြစ်တယ်လို့ သိရပြီး အမေရိကန်ဒေါ်လာအားဖြင့် ၁၀၅၆၂၄ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအကြောင်းအရာက ချက်ချင်းဆိုသလို Netizen တွေကြားမှာ လူပြောများနေခဲ့ပြီး Kim Soo Hyun နဲ့ ဓာတ်ပုံတစ်ပုံတွဲရိုက်နိုင်ဖို့ ငွေကြေးများစွား သုံးခဲ့တဲ့ ထိုင်းပရိသတ်ကို အံ့သြနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/99/99a7074197c34fddfc53a615a4064343607f0bd9.jpeg

တချို့ပရိသတ်တွေကလည်း အကယ်၍ ပိုက်ဆံသာရှိမယ်ဆိုရင် ငွေကြေးတွေကို အခုလိုနေရာမှာ အသုံးမပြုဘဲ ရွှေတွေဝယ်လိုက်မယ်လို့ မှတ်ချက်တွေ ပေးထားကြပါတယ်။ 

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T