နာမည်ပျက်နဲ့ပျောက်ကွယ်သွားပြီးနောက် ညှိုးငယ်တဲ့ မျက်နှာနဲ့ပြန်ပေါ်လာတဲ့ နာမည်ကြီး မင်းသား

//s9.kh1.co/48/48fda469bc0210243e1e93d0835bae0b95e969fc.jpeg
အနုပညာရှင်များ

 ၀၁-အောက်-၂၀၂၂ ၇pm · လွန်ခဲ့သော ၂ နှစ် က

နာမည်ပျက်နဲ့ပျောက်ကွယ်သွားပြီးနောက် ညှိုးငယ်တဲ့ မျက်နှာနဲ့ပြန်ပေါ်လာတဲ့ နာမည်ကြီး မင်းသား

တောင်ကိုရီးယားနာမည်ကြီးမင်းသား Joo Jin-mo ဟာဆိုရင် နာမည်ပျက်တစ်ခုကြောင့် ၂ နှစ်ကြာ အနုပညာလောကကနေ ပျောက်သွားပြီးတဲ့နောက်မှာ ပထမဦးဆုံးအကြိမ် ပရိသတ်တွေအရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ Joo Jin-mo က သူငယ်ချင်းဖြစ်သူနဲ့အတူ အမျိုးသမီးတွေကိုစော်ကားတဲ့ မတ်ဆေ့ရှ်တွေ ပေါက်ကြားခဲ့ပြီးနောက်မှာ တစ်သက်လုံး ထိန်းထားတဲ့ နာမည်ကောင်း ပျက်စီးခဲ့တဲ့ သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=590,h=330,q=100/07/07a480f5132ac93179c0bd82e292c490824d6255.jpeg

အဆိုပါ ကိစ္စဖြစ်ပြီးတဲ့နောက်မှာ Joo Jin-mo ကိုယ်တိုင်လည်း အရမ်းကို အရှက်ရခဲ့ပြီး အနုပညာလောကကနေ လုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။စက်တင်ဘာလ ၇ ရက်နေ့မှာတော့ Joo Jin-mo ရဲ့ ညှိုးငယ်နေတဲ့ ဓာတ်ပုံလေးတစ်ပုံဟာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု ပြန်လည်မြင့်တက်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/ee/eec2edee2f9e91f08fbf1240d136e5d0af8554bb.jpeg

ဒီဓာတ်ပုံလေးကို Joo Jin-mo ရဲ့ အမျိုးသမီး ဖြစ်သူ Min Hye-yeon က သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ “မနေ့က အမျိုးသားရဲ့ မွေးနေ့ညစာ” ဆိုတဲ့ စာသားလေးနဲ့ တင်ပေးလာတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/f8/f8fc12d1124e2dd97b94dd73160fbae865bc7565.jpeg
https://s9.kh1.co/__image/w=650,h=650,q=100/f3/f3407c8710fdebbd90fb681e593c787aa47acf52.jpeg

ဓာတ်ပုံထဲမှာ Joo Jin-mo က စားသောက်ဆိုင်တစ်ဆိုင်ရဲ့ ထိုင်ခုံစားပွဲပေါ်မှာ ထိုင်နေပြီး အစားအစာလေးတွေ ပြင်ဆင်ချက်ပြုတ်နေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=801,q=100/fd/fd8f79183b88d07c6c44af5c64b1232054adc867.jpeg

Joo Jin-mo ပုံစံက ပျော်ရွှင်နေတဲ့ ပုံစံမရှိဘဲ မျက်နှာဟာဆိုရင်လည်း ညှိုးငယ်နေပြီး ကိုယ်အလေးချိန်လည်း ကျနေပါတယ်။ Joo Jin-mo ဟာဆိုရင် လျို့ဝှက် မတ်ဆေ့ရှ်စာတွေ ပေါက်ကြားခဲ့တုန်းက စော်ကားမိခဲ့တဲ့ အမျိုးသမီးကို သေသေချာချာ ခေါင်းညွတ်ပြီး တောင်းပန်ခဲ့တဲ့သူဖြစ်ပါတယ်။ဒါပေမယ့်လည်း Joo Jin-mo က သူ့ရဲ့အပြစ်ကို တစ်သတ်လုံး နောင်တရနေပြီး အရမ်း ရှက်နေခဲ့ပါတယ်။

https://s9.kh1.co/__image/w=550,h=366,q=100/a6/a687504caabaed52f2136f922e5ad4f34b96fb51.jpeg

လက်ရှိအချိန်အထိ အနုပညာ လှုပ်ရှားမှုတွေ ပြန်မလုပ်သေးသလို ပရိသတ်တွေရဲ့ အရှေ့ကိုလည်း ရောက်မလာတော့တဲ့ မင်းသားကြီး Joo Jin-mo ရဲ့ ပုံရိပ်ကို အခုလို ပြန်တွေ့ရတဲ့အတွက် ပရိသတ်တွေကလည်း စိတ်ဝင်စားမှု များပြားနေကြပါတယ်။ တောင်ကိုရီးယားမင်းသားကြီး Joo Jin-mo ဟာ A Frozen Flower ၊ Empress Ki အပါအဝင် အခြား နာမည်ကြီးတဲ့ ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်ပါတယ်။ 

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T