ချွေးမလေးနဲ့သမက်ကို တုန်နေအောင်ချစ်ကြတဲ့ ဟွန်ဘင်းနဲ့ဆွန်ရီဂျင်းတို့ မိဘများ

//s9.kh1.co/83/83a7102b142ba17a132cb96e0c9ac4ce6a330f29.jpeg
အနုပညာရှင်များ

 ၀၁-အောက်-၂၀၂၂ ၇pm · လွန်ခဲ့သော ၂ နှစ် က

ချွေးမလေးနဲ့သမက်ကိုတုန်နေအောင်ချစ်ကြတဲ့ ဟွန်ဘင်းနဲ့ဆွန်ရီဂျင်းတို့ မိဘများ

တောင်ကိုရီးယားသရုပ်ဆောင် ဟွန်ဘင်းနဲ့ ဆွန်ရီဂျင်းတို့ကလူတိုင်း အားကျရတဲ့စုံတွဲလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးက နာမည်ကြီး မင်းသားမင်းသမီးတွေ ဖြစ်တဲ့အလျောက်လက်ထပ်ပြီးတဲ့နောက်မှာလည်း စောင့်ကြည့်ခံနေရတဲ့ပြည်သူချစ်စုံတွဲလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးက အချင်းချင်း ချစ်ကြရုံသာမက နှစ်ဦးနှစ်ဖက်မိဘတွေနဲ့ပါပေါင်းသင်းဆက်ဆံရေးတော်တော်လေး အဆင်ပြေပါတယ်။ 

https://s9.kh1.co/__image/w=620,h=760,q=100/e1/e14d80663741faee8815d239a263c89c00dbeaed.webp

ဟွန်ဘင်းနဲ့ မိဘတွေနဲ့ ဆွန်ရီဂျင်းရဲ့ မိဘတွေ အဆင်ပြေပြေရှိကြတဲ့အကြောင်းကို မကြာသေးမီက ကျင်းပပြုလုပ်ခဲ့တဲ့ Confidential Assignment 2: International ဗွီအိုင်ပီ ပွဲဦးထွက် မှာတွေ့ရှိခဲ့ပါတယ်။ ပွဲဦး ထွက်အခမ်းအနားမှာ ပရိသတ်တွေက Son Ye Jin နဲ့ Hyun Bin တို့ရဲ့ မိဘတွေကို အတူတူတွေ့ခဲ့ရတာကြောင့် နှစ်ဦးနှစ်ဖက် အလွန်ရင်းနှီးပြီး ဆက်ဆံရေးကောင်းမွန်နေကြတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=620,h=315,q=100/90/90e4eb71f54de5a54b0112dc9382fa204b6a5094.webp
https://s9.kh1.co/__image/w=620,h=313,q=100/71/71337c88387e05754c4a026f8f1825b3bfa8994f.webp

ဒါ့အပြင် မင်္ဂလာပွဲကျင်းပစဉ်တုန်းကလည်း ကြင်စဦး မောင်နှံနှစ်ယောက်က မိဘတွေဆီကနေ ကောင်းချီးနဲ့ အကြံဥာဏ်တွေရရှိခဲ့ကြပါတယ်။ ပွဲအခမ်းအနားမှာ ဟွန်ဘင်းက ယောက္ခမကို တင်းတင်းကြပ်ကြပ်ဖက်ထားတာကို တွေ့ခဲ့ရပြီး Son Ye Jin ကလည်း သေသေချာချာလေး ပွေ့ဖက်ထားပါတယ်။

https://s9.kh1.co/__image/w=586,h=325,q=100/5d/5df9571e1302975543e07eb256ff5cbe11c86ee3.webp
https://s9.kh1.co/__image/w=650,h=650,q=100/04/04a58e0f7f9db545e5cecca20dcc149040aa58ff.jpeg

ဆွန်ရီဂျင်းဘက်က ယောက္ခမတွေဆီက ချစ်ခင်မှု ရရှိသလို ဟွန်ဘင်းကလည်းယောက္ခမတွေရဲ့ အချစ်တော်သမက်လေး ဖြစ်ပါတယ်။ ဒါ့အပြင် ဟွန်ဘင်းရဲ့ မိခင်ကြီးက ထက်မြတ်ပြီး သွက်သွက်လက်လက်ရှိတဲ့ ချွေးမလေးကို အရမ်းချစ်တယ်လို့ သိရပါတယ်။သားနဲ့နဲ့ချွေးမ အိမ်ကိုအလည်လာတိုင်း အရသာရှိလွန်းလှတဲ့ ရိုးရာမုန့်လေးတွေကို ချက်ပြုတ်ကျွေးမွေးလေ့ရှိတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=539,h=506,q=100/58/588a510d5a8e32ca89237a351bddec1325bec3f7.png

သဘောကောင်းတဲ့ နှစ်ဦးနှစ်ဖက် မိဘတွေနဲ့ ကုသိုလ်ကံကောင်းလွန်းလှတဲ့ ဘင်းဂျင်း စုံတွဲလေးအကြောင်း ပရိသတ်ကြီးကို ဝေမျှပေးလိုက်ပါတယ်။  

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T