Dan လက်ထပ်ခွင့်တောင်းခဲ့တဲ့ ပုံစံကို ပြောပြလာခဲ့တဲ့ မင်းသမီး Pattieung

//s9.kh1.co/ab/ab9db5197f4378efaa20507b1c79b881500e308c.jpg
အနုပညာရှင်များ

 ၀၁-အောက်-၂၀၂၂ ၆pm · လွန်ခဲ့သော ၂ နှစ် က

ကောင်မလေး မထင်မှတ်ထားတဲ့အချိန်ဖြစ်အောင်လို့ တရားထိုင်ပြီးအပြန် ဘုရားမှာကို လက်ထပ်ခွင့်တောင်းချပလိုက်တာ

2022 ခုနှစ် စက်တင်ဘာလ 13 ရက်နေ့က 10 နှစ်ကျော်ကြာ တွဲလာခဲ့ Dan နဲ့  Pettie တို့ စုံတွဲတစ်တွဲလေးဟာ သည် ပရိတ်သတ်တွေ အံ့အားသင့်သွားအောင် ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ပရိသတ်တွေကလည်း သူတို့ရဲ့ လက်ထပ်တော့မယ့် နေရက်လေးကို စောင့်မျှော်နေကြတာပါ။

Photo Credit : Popular.com
Photo Credit : Popular.com

နှစ်ပတ်အကြာမှာတော့ သူတို့နှစ်ယောက်လုံးရဲ့ ခံစားချက်လေးတွေကို မေးကြည့်လိုက်တဲ့အခါမှာ Pettie က  “အဲဒီနေ့ က လေထုအရမ်းကောင်းနေပါတယ်။ စိတ်ငြိမ်အောင် တရားထိုင်ပြီး ဘုရားမှာ လမ်းလျှောက်လာတဲ့အချိန်မှာပဲ Dan က ဒူးထောက်ထိုင်ပြီး လက်ထပ်ခွင့်တောင်းခဲ့တယ်။ Propose လုပ်တဲ့နေရာက ဒီနေရာဖြစ်မယ်လို့ မထင်ခဲ့ဘူး။”

Photo Credit : Popular.com
Photo Credit : Popular.com

“အစကတော့ Dan က ဒရုန်းကိုနဲ့ ရိုက်ချင်တာတစ်ခုရှိလို့ ကူညီဖို့ပြောတယ်။ ကျွန်မကလည်း ဒရုန်းကို ဘယ်လိုသုံးရလဲဆိုတာ သိပ်မသိတော့ ကြောက်နေတာ.. ဘယ်လိုလုပ်ရလဲဆိုတော့ သူက မြင့်မြင့်ကို  ပျံနိုင်အောင်လုပ်ပြီး ရိုက်တဲ့.. ကျွန်မလည်း ဒရုန်းကို အာရုံစိုက်နေရတာနဲ့ ဘာကိုရိုက်ချင်တာလည်း သူ့ကိုလှမ်းကြည့်ပြီးမေးလိုက်တော့မှ သူက ဒူးထောက်နေတာ.. ပြန်စဉ်းစားကြည့်တော့မှ သူက လက်ထပ်ခွင့်တောင်းနေတာဖြစ်နေတာ…”

Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com

Dan က “ကျွန်တော်တို့ သိလာခဲ့ကြတာ ၁၃ နှစ်တောင် ရှိခဲ့ပြီမို့ နှစ်ယောက်တစ်ဘဝ တည်ဆောက်မယ်ဆိုရင်လည်း အဆင်ပြေမှာပါ။ ကျွန်တော့်ကို ရွေးချယ်ပေးခဲ့တဲ့ သူမကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် Comment တွေကိုလည်း ဖတ်ကြည့်ပြီးပါပြီ ကျွန်တော်တို့ကို Congratulation လုပ်ပေးခဲ့တဲ့ လူတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ လက်ထပ်ပွဲကိုတော့ နက္ခတ်ဗေဒင်တွေ တွက်ပြီး ရက်ကောင်းရက်မြတ်လေးတွေကို ရွေးချယ်နေတုန်းမို့ အသေးစိပ်တော့ မသိရသေးပါဘူး။ စိတ်ထဲမှာတော့ ခမ်းခမ်းနားနားလေး ကျင်းပဖို့တော့ စီစဉ်ထားပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com

သတင်း အရင်းအမြစ်Popular.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T