ဗီယက်နမ်ကမ်းခြေမှာ မုန်တိုင်းတိုက်ခတ်ပြီးနောက် ပင်လယ်ခရုများ အစုလိုက်အပြုံလိုက် သောင်တင်

//s9.kh1.co/f8/f8459f6b649dff705d427ed8ca2556f86627ed46.jpg
နေ့စဉ်သတင်းများ

 ၀၁-အောက်-၂၀၂၂ ၅pm · လွန်ခဲ့သော ၂ နှစ် က

ဗီယက်နမ်ကမ်းခြေမှာ မုန်တိုင်းတိုက်ခတ်ပြီးနောက် ပင်လယ်ခရုများ အစုလိုက်အပြုံလိုက် သောင်တင်

ဗီယက်နမ်နိုင်ငံ ၊ Kiao Thui ခရိုင်, Nam Dinh ပြည်နယ်မှာရှိတဲ့ ကမ်းခြေတစ်ခုမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အားပြင်း Noru မုန်တိုင်း ဝင်ရောက်တိုက်ခတ်သွားပြီးနောက် ပင်လယ်ခရုခွံများ အစုလိုက်အပြုံလိုက် မျောပါလာပြီး ပြည့်နှက်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/63/632e057d92b1123123f97a530a1056e9e065cd4a.jpg
https://s9.kh1.co/__image/w=600,h=493,q=100/ca/cae3519ea2198baaae92050dd1baa69f5055713e.jpg

ပင်လယ်ခရုခွံများရဲ့ အထပ်က ၁၀ ကီလိုမီတာအထက်ရှိပြီး အဲ့ဒီထဲမှာ ခရုအကောင်းတွေလည်း အများအပြားပါရှိခဲ့တယ်လို့ ဆိုပါတယ်။ ကမ်းခြေအနီးနားမှာ ရှိတဲ့ ဒေသခံရွာသူရွာသားများက အဆိုပါ ခရုအကောင်းတွေကို လာရောက်ကောက်ယူကြပြီး စီးပွားဖြစ် ပြန်လည်ရောင်းချခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=395,q=100/af/af9f25390a4cfe84d37e94da4bd17fcd897e9300.jpg
https://s9.kh1.co/__image/w=600,h=800,q=100/22/22559cf7a3a7d1aff29d321b8bb8294217157b1d.jpg

ယခုလို ကမ်းခြေမှာ ပင်လယ်ခရုများ တောင်ပုံရာပုံ သောင်တင်ခဲ့ရခြင်းမှာ မုန်တိုင်းတိုက်ခတ်ပြီး ဒီရေလှိုင်းနဲ့အတူ မျောပါလာခဲ့တာလို့ ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့ပါတယ်။ Noru မုန်တိုင်းဒဏ်ကြောင့်လည်း ကမ်းရိုးတန်းဒေသများမှ လူပေါင်း ၃ သိန်းကျော်လောက် ညတွင်းချင်း အရေးပေါ်ပြောင်းရွှေ့ခဲ့ရပါတယ်။ မုန်တိုင်းဒဏ်ကြောင့် လူနေအိမ်အများအပြား ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=945,q=100/77/77e0a4283fd363c68513a05cf63fdb585ef42a91.jpg

သတင်း အရင်းအမြစ်Source - World Forum

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T