ရန်ဖြစ်နေတဲ့ V နဲ့သူ့မန်နေဂျာ တို့ရဲ့ဗီဒီယို အွန်လိုင်းပေါ်မှာပျံ့နှံ့နေ…

//s9.kh1.co/83/83731bce569596481c3ff55ebe6f90b143cbe9e6.jpg
အနုပညာရှင်များ

 ၀၁-အောက်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

V ကသူ့မန်နေဂျာကို လက်နဲ့နောက်ကိုတွန်းလိုက်ကာ…

BTS အဖွဲ့ဝင် V နဲ့ သူ့မန်နေဂျာတို့နှစ်ဦးပါဝင်တဲ့ ရုပ်သံတစ်ခုဟာ အွန်လိုင်းပေါ်ပျံ့နှံ့လျက်ရှိနေပြီး အင်တာနက်သုံးသူတွေကြား အငြင်းပွားလျက်ရှိနေပါတယ်။ မကြာခင်ကမှ V ရဲ့ရေဒီယိုအစီအစဉ်တစ်ခုမှာ Special DJ အဖြစ်ပါဝင်ဖို့ ရေဒီယိုအသံလွှင့်ရုံဆီသွားတဲ့လမ်းမှာ V နဲ့ သူ့မန်နေဂျာတို့ကြားက ကတောက်ကဆအခြေအနေတစ်ခုကို ကင်မရာမှာဖမ်းမိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/ea/ea3ee349f04cf7e589a86b0949c30d757e8aa00f.jpg

ဗီဒီယိုထဲမှာ V ဟာ ရေဒီယိုအစီအစဉ်ရှိရာ MBC အဆောက်အဦးထဲရောက်လာချိန် သတင်းထောက်တွေကိုလက်ပြနှုတ်ဆက်ပြီး အထဲမဝင်ခင် ကင်မရာရှေ့မှာ ဓာတ်ပုံအရိုက်ခံဖို့ ပို့စ်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့မန်နေဂျာကနောက်ကပြေးလိုက်လာပြီး သူ့ကိုတားခဲ့ကာ သူတို့နှစ်ဦးကြား ကင်မရာရှေ့ပို့စ်ပေးမယ့်ကိစ္စနဲ့ အငြင်းပွားခဲ့ကြပါတယ်။ 

//s9.kh1.co/74/741f79a3ae4232fe30f6149990d24a4a3f52eeb4.gif

နောက်ဆုံးမှာတော့ V ကသူ့မန်နေဂျာကို လက်နဲ့နောက်ကိုတွန်းထုတ်ခဲ့ကာ မြန်မြန်ဆန်ဆန်ပဲ mask ကိုအောက်ချကာ လက်ထောင်ပြီးပို့စ်ပေး ဓာတ်ပုံအရိုက်ခံခဲ့ရပါတယ်။ ဗီဒီယိုကတော့ အွန်လိုင်းပေါ်မှာပွဲတစ်ခုကိုဖန်တီးနိုင်ခဲ့ပြီး အင်တာနက်သုံးသူတွေကြားအငြင်းပွားနေကြပါတယ်။ 

//s9.kh1.co/5e/5e9a0a2694c42b33025c39c80cc401d44047a879.gif

အချို့က V ရဲ့မန်နေဂျာလုပ်ရပ်ကို ဝေဖန်ပစ်တင်နေကြပြီး မန်နေဂျာတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ idol‌ အပေါ်အခုလိုမလုပ်သင့်ဘူးလို့ ပြောနေကြပါတယ်။ 

//s9.kh1.co/20/20cbe30bcb4694ed91b60351dc6c057c3265bdd6.gif

အချို့ကလည်း V အနေနဲ့ radio live မစခင် ၁၅ မိနစ်အလိုမှရောက်လာလို့ နောက်ကျမှာစိုးလို့ မန်နေဂျာကသတိပေးတာဖြစ်နိုင်ပြီး V ရဲ့ပြန်တွန်းထုတ်တဲ့လုပ်ရပ်က မသင့်တော်ဘူးလို့ ပြောနေကြပြန်ပါတယ်။

Photos-credit

Source: Allkpop 

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T