မြန်မာအမျိုးသားက ချစ်သူမြန်မာအမျိုးသမီးဖြစ်သူကို ဓါးနဲ့ထိုးသတ်ပြီး (၈)ထပ်တိုက်ပေါ်မှ ခုန်ချမှုဖြစ်ပွား

//s9.kh1.co/f0/f0caeaa36caa448e177b5bc0cc63672eb1be41f7.jpg
နေ့စဉ်သတင်းများ

 ၀၁-အောက်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

စက်တင်ဘာ(၂၉)ရက်နေ့ ၊ ည (၇)နာရီ အချိန်ခန့်က မလေးရှားအရှေ့မြောက်ပိုင်း မှာ........ (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

သိပ်မကြာခင်အချိန် စက်တင်ဘာလ (၂၉) ရက် ၊ ည (၇)နာရီခန့်က မလေးရှားနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း မှာ အရမ်းကိုဆိုးရွားတဲ့ လူသေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ပြီး ၎င်း လူသတ်မှုမှာ မြန်မာအမျိုးသားတစ်ဦး နဲ့ အမျိုးသမီးတစ်ဦး ပါဝင်နေတယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

မြန်မာနိုင်ငံသားလို့ ယူဆရတဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ချစ်သူ မြန်မာအမျိုးသမီးဖြစ်သူ ကို ဓားနဲ့ ထိုးသတ်ခဲ့တယ်လို့ သိရပါတယ်။ ၎င်းအမျိုးသားဟာ အဲ့သလိုထိုးသတ်ရုံနဲ့တင်မပြီးပဲ ဓားနဲ့ထိုးပြီးတဲ့နောက်မှာ (၈) ထပ်တိုက် တိုက်ခန်းပေါ်ကနေ ခုန်ချမှုဖြစ်ပွား ခဲ့ခြင်း ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ သူငယ်ချင်းဖြစ်သူ က မျက်မြင်သက်သေ အဖြစ် ရှိခဲ့ပြီး ယင်းအမျိုးသမီးရဲ့ ပြောကြားချက်တွေအရ သေဆုံးသွားသူ နဲ့ သူမတို့ အလုပ်လုပ်တဲ့ စက်ရုံကနေ နေတဲ့တိုက်ခန်းကို ပြန်အလာမှာ သူငယ်ချင်းရဲ့ ရည်းစား အမျိုးသားက ကွယ်လွန်သွားသူ အမျိုးသမီးကို ပွေ့ဖက်ခဲ့ပြီးနောက် ပါးစပ်ကို လက်နဲ့ အုပ်ပြီး ဓါးနဲ့ အကြိမ်ကြိမ်ထိုးခဲ့ကြောင်း ၊ သက်သေ အမျိုးသမီးက သူငယ်ချင်းဖြစ်သူကို ကယ်တင်ဖို့ ကြိုးစားပေမယ့် တွန်းထုတ်ခံလိုက်ရကြောင်း ပြောကြားလာခဲ့ပါတယ်။ နှစ်ဦးစလုံးဟာ အသက်(၃၀)အရွယ်တွေဖြစ်ကြပြီး အမျိုးသမီးရဲ့ရုပ်အလောင်းကိုတော့ တိုက်ခန်းဝရံတာမှာလည်းကောင်း ၊ အမျိုးသားရဲ့ရုပ်အလောင်းကိုတော့ မြေညီထပ် ကားရပ်နားရာနေရာမှာသော်လည်းကောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T