ပကာသနတွေမပါဘဲ မွေးနေ့ပွဲလေးကို မိသားစုနဲ့ တူတူရိုးရိုးရှင်းရှင်းလေး ကျင်းပခဲ့တဲ့ Baifern

//s9.kh1.co/a3/a3c6b7e0c64dac49f94e30e72236eac1644b8b68.jpg
အနုပညာရှင်များ

 ၀၁-အောက်-၂၀၂၂ ၁pm · လွန်ခဲ့သော တစ်နှစ် က

ထိပ်စည်းတောင် ပြောင်းသွားပြီ 😍🥰 ရည်းစားမရှိတဲ့အမကြီးကတော့ မိသားစုနဲ့ပဲ အလှူအတန်းတွေ လုပ်နေရတာပေါ့ 😝🤣

ချစ်စရာကောင်းတဲ့ ရုပ်ရည်နဲ့ ကာရိုက်တာမျိုးစုံကို သရုပ်ဆောင်နိုင်တဲ့ ထိပ်တန်းမင်းသမီး Baifern Pimchanok ကို ပရိသတ်တွေတော်တော်များများ သိကြပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ 2022 ခုနှစ် စက်တင်ဘာလ 30 ရက်နေ့က သူမရဲ့ အသက် 30 ပြည့် မွေးနေ့လေးဖြစ်ပြီး Baifern က "Yayy၊ ငါ့မွေးနေ့ပါ။" လို့ Instagram မှာ Post လေး တင်ခဲ့ပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com

သူမဟာ မွေးနေ့ပွဲကို စောင့်မျှော်နေတဲ့ တခြားမင်းသမီးတွေနဲ့ မတူဘဲ အေးဆေးတည်ငြိမ်နေပုံရပေမယ့် Baifern ကိုတော့ ပရိတ်သတ်များစွာက သူမကို ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းထားကြပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com

ဒါ့အပြင် Baifern ရဲ့ အဖေနဲ့ အမေက သူမရဲ့ မွေးနေ့အခါသမယမှာ ဘုန်းတော်ကြီးကျောင်းမှာ လှူဒါန်းပြီး ကုသိုလ်တွေ ပြုလုပ်ပေးကာ " မင်းရဲ့ မွေးနေ့ကို ဂုဏ်ပြုပါ" ဆိုတဲ့ စာသားလေးနဲ့အတူ သမီးလေးကို ဆုမွန်ကောင်းတောင်းပေးထားတာ ဖြစ်ပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

ပရိသတ်တွေကတော့ တစ်ကိုယ်တည်း အပျိုကြီးမမဆိုတော့ မွေးနေ့ကို မိသားစုနဲ့ ပဲ ဖြတ်သန်းရတာပေါ့ဆိုပြီး စနောက်နေကြပါတယ်။ တစ်ချို့ကလည်း ထိပ်စည်းတောင်ပြောင်းနေပြီ Single ဂုဏ်ပုဒ်ကို မစွန့်သေးဘူးလို့ လား မေးထားတဲ့ Comment တွေလည်း ရှိပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com

သတင်း အရင်းအမြစ်Popular.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T