တရုတ်နိုင်ငံမှ စတင်ပျံ့နှံ့ခဲ့ပြီး တစ်ကမ္ဘာလုံး အထိ ဆိုးဆိုးရွားရွား ခံစားနေခဲ့ရတဲ့ ကိုဗစ်ကပ်ရောဂါ ကို တခြားနိုင်ငံတွေမှာ ဘယ်လိုပဲ ခံစားနေရပါစေ၊ တစ်နေ့တစ်ခြားတိုးတက်လာတဲ့ ထိုင်းနိုင်ငံကတော့ ကိုဗစ် ကပ်ရောဂါကြီး အားထာဝရ ကျောခိုင်းလိုက်ပြီပဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ရဲ့ ပင်မမီးရထားဘူတာရုံ ဘန်စုမှာလည်း ကိုဗစ်ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာအား အပြီးတိုင်ပိတ် သိမ်းလိုက်ပြီဖြစ်ပြီး တခြားသော နေရာအချို့တွေမှာလည်း ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့ စင်တာတွေကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
လက်ရှိ ထိုင်းနိုင်ငံ မှာ ကိုဗစ်ကပ်ရောဂါကို အန္တရယ်ရှိတဲ့ ကပ်ရောဂါအဖြစ်မှ အပြီးတိုင်ဖယ်ရှားလိုက်ပြီဖြစ်ပြီး စောင့်ကြည့်ခံရောဂါများ ဖြစ်ကြတဲ့ အေအိုင်ဒီအက်စ်၊ သွေးလွန်တုပ်ကွေး နဲ့ကြက် ၊ ငှက် တုပ်ကွေး ရောဂါများလိုပဲ ကိုဗစ်ရောဂါကို စောင့်ကြည့်လို့ရနိုင်တဲ့ ကူးစက် ရောဂါ အဖြစ် အစားထိုးသတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ဒါတင်သာမက ထိုင်းနိုင်ငံ ကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားများအနေနဲ့လည်း ကိုဗစ်ကာကွယ်ဆေးထိုးထားကြောင်းထောက်ခံချက်ပြသရန်မလိုတော့ဘူးလို့သိရပါတယ်။