Exo က Kai နဲ့ NCT က Lucas တို့ဒိတ်လုပ်နေတယ်ဆိုတဲ့ ပုံတွေထွက်ပေါ်နေ…

//s9.kh1.co/39/391c6c5319d0f9e7531b3900ac7edb2c79d6b798.jpg
အနုပညာရှင်များ

 ၀၁-အောက်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ပုံ‌တွေထဲမှာ Lucas နဲ့ Kai တို့ဟာဆိုက်ကယ်ဦးထုပ်ကိုယ်စီနဲ့..

EXO အဖွဲ့ဝင် Kai နဲ့ NCT က Lucas တို့လို့ယူဆရတဲ့သူနှစ်ဦးရိုက်ထားတဲ့ပုံဟာ အွန်လိုင်းပေါ်မှာပျံ့နှံ့‌နေပြီးလူတွေရဲ့အာရုံစိုက်တာခံနေရပါတယ်။ ပုံ‌တွေထဲမှာ Lucas နဲ့ Kai တို့ဟာဆိုက်ကယ်ဦးထုပ်ကိုယ်စီနဲ့ ဆိုက်ကယ်စီးရင်း ဒိတ်လုပ်နေပုံရတယ်လို့ ပုံတင်တဲ့လူကပြောထားပါတယ်။

https://s9.kh1.co/__image/w=595,h=705,q=100/20/2032925e5e7349868119a414f3decfad0eeadbcd.webp

NCT အဖွဲ့ဝင် Lucas ဟာဆိုရင်တော့ပြီးခဲ့တဲ့နှစ် ဩဂုတ်လကတည်းက သူ့ရဲ့ကိုယ်ရေးကိုယ်တာအရှုပ်အထွေးတွေကြောင့် အနုပညာအလုပ်တွေကနေနားထားသူဖြစ်ပါတယ်။ အဲ့ဒီအချိန်ကသူ့ရဲ့ရည်စားဟောင်းဆိုသူက Lucas ဟာမိန်းမရှုပ်သူဖြစ်ပြီး သူနဲ့တွဲနေတဲ့အချိန်တင် မိန်းကလေးတွေအများကြီးနဲ့တွဲခဲ့တယ်လို့ ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/20/209d663207189a5610f40cedc65bfb5429b592a1.jpg

Lucas ရဲ့ အေဂျင်စီ SM ကတော့ဖြေရှင်းချက်ထုတ်ပေးခဲ့ကာ Lucas ကိုယ်တိုင်ကလည်းသူ့ရဲ့အမှားတွေပြင်ဆင်ဖို့ အချိန်ယူမှာဖြစ်ပြီး အနုပညာအလုပ်တွေလဲရပ်ထားမယ်လို့ အဲ့ဒီအချိန်ကထုတ်ပြန်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=801,q=100/85/85e39706c52480ca2a3990d004eb8ade28509527.jpg
https://s9.kh1.co/__image/w=650,h=867,q=100/5e/5edb60d4be09c112d80c1e13ab8cf8d7f4f60c7c.jpg

အခုလည်း Lucas ဟာ EXO အဖွဲ့ဝင် Kai နဲ့တွဲနေတာလား ဘယ်လိုဆက်ဆံရေးမျိုးရှိနေလဲဆိုတာ သိချင်နေကြပြီး တဖက်မှာလည်း ပုံတွေကိုတင်ခဲ့သူကတော့ Jennie နဲ့ V တို့ရဲ့ပုံတွေကိုတင်တဲ့သူနဲ့အတူတူပဲဖြစ်တယ်လို့ အင်တာနက်အသုံးပြုသူတွေက ပြောနေကြပါတယ်။

Photos- credit

Source: KBIZoom 

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T