ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့လေးမှာ ချိုမြိန်လွန်းတဲ့ စကားလေးနဲ့ ဆုတောင်းပေးခဲ့တဲ့ Pancake Khemanit

//s9.kh1.co/f2/f24a8e1dddc3e89aaede171c8abe4b7339e4605c.jpg
အနုပညာရှင်များ

 ၀၁-အောက်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

Pancake ကတော့ ခင်ပွန်းသည်ကို ချစ်လိုက်တာ ... အချစ်မှာ ရုပ်ရည်တွေ အသက်အရွယ်တွေ မလိုဘူးဆိုတာကို သက်သေပြထားတဲ့ ကောင်မလေး

ထိုင်းမင်းသမီး Pancake က သူမနဲ့ ၁၀ နှစ်ကျော်လောက် တွဲလာတဲ့ ရဲအရာရှိနဲ့ လက်ထပ်လိုက်တာဖြစ်ပါတယ်။ Pancake နဲ့ ဗိုလ်ချုပ်တို့ ဇနီးမောင်နှံနှစ်ဦးကတော့ မင်္ဂလာဆောင်ပြီးကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတာဖြစ်ပြီး သူတို့နှစ်ယောက်ကလည်း တစ်နေ့ထက်တစ်နေ့ ပိုချစ်လာကြပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com

ချစ်ခင်ပွန်းရဲ့ မွေးနေ့ပွဲမှာ Pancake က ဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ ခင်ပွန်းကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဖန်တီးထားတဲ့ လက်ဆောင်တွေကို ပေးကမ်းခဲ့တဲ့အပြင် ချိုမြိန်လွန်းတဲ့ စကားလေးနဲ့ ဆုတောင်းပေးခဲ့ပါသေးတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုအများဆုံးကတော့ ခင်ပွန်းဖြစ်သူအတွက် လက်ဆောင်ပေးဖို့ ဆုံးဖြတ်ထားတဲ့ နှုတ်ဆက်စကားပါ။ အဲ့ဒါကတော့ “ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ P'Mee ခ.. လက်ဆောင်ကို ဘာပေးရမလဲဆိုပြီး အရမ်းစဉ်းစားရခက်တာမို့ ကျွန်မမှာများနေတဲ့ အလုပ်တွေကိုပဲ လက်ဆောင်အဖြစ်ပေးပါရစေနော် . 😂 ကျန်းကျန်းမာမာနဲ့ နေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကျေးဇူးပြုပြီး အလုပ်အတွက် Stress တွေ အရမ်းမများပါနဲ့ လိုအပ်တဲ့အချိန်တိုင်း ကျွန်မရှင့်ဘေးမှာ ခွန်အားတစ်ခုအဖြစ် ရှိနေပေးပါ့မယ်နော် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com

သတင်း အရင်းအမြစ်Popular.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T