မင်းသားဟယ်ရီနဲ့ ဇနီး မီဂန်တို့ရဲ့ သက်တော်စောင့်ဟာ သူ့ရဲ့ဇနီးသည်ကိုသတ်ဖို့ကြံရွယ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်းဖြစ်နေ

//s9.kh1.co/93/930454680e51070d85bd2808a9e3c12d467bf114.jpg
နေ့စဉ်သတင်းများ

 ၀၁-အောက်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ဗြိတိန် တော်ဝင်မိသားစုဝင် မင်းသား ဟယ်ရီ နဲ့ ဇနီးဖြစ်သူ မီဂန်တို့ကို စောင့်ရှောက်နေတဲ့ သက်တော်စောင့်ဟာ........ (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဗြိတိန်တော်ဝင်မိသားစုအဖွဲ့ဝင် မင်းသားဟယ်ရီနဲ့ ဇနီး မီဂန်တို့ဟာ အသက်အန္တရယ်ထိပါးလာမှုအတွက် စိုးရိမ်ရတာကြောင့် သူတို့နဲ့အမြဲမကွာ စောင့်ရှောက်နိုင်တဲ့ သက်တော်စောင့်ကိုခန့်အပ်ထားကာ ၎င်းသက်တော်စောင့်နဲ့အတူ အမြဲ သွားလာလှုပ်ရှားနေကြရတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အခုလည်း မင်းသားဟယ်ရီ ၊ ဇနီး မီဂန်တို့နဲ့ အတူ ဓာတ်ပုံထဲမှာ တွေ့ရတဲ့ သက်တော်စောင့်ဟာ ပြည်သူတွေကအတော်လေး လေးစားအားကိုးရတဲ့လူဖြစ်ပေမယ့် တကယ့်တကယ်ကျ သူ့ရဲ့ရာဇဝင်ဟာ မကောင်းခဲ့ပါဘူး။ ဒီသက်တော်စောင့် ဟာ သူ့ဇနီးကို မသေရုံတမယ် လည်ပင်းညှစ်သတ်မှုနဲ့ ပြစ်မှုထင်ရှားခဲ့တဲ့ မြို့တော် ရဲတပ်ဖွဲ့ဝင်ဟောင်းဖြစ်ကြောင်း ဗြိတိန် မီဒီယာက အတည်ပြုထားပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဆိုပါသက်တော်စောင့်ဟာ အခုချိန်မှာသာ သက်တော်စောင့်အလုပ်ကိုလုပ်ကိုင်နေရပေမယ့် တစ်ချိန်က သူ့ဇနီးသည် က သူ့ကို မချစ်တော့ဘူးလို့ ပြောဆိုမိခဲ့တဲ့အတွက် လည်ပင်းညှစ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲ့လိုလည်ပင်းညှစ်ခဲ့တဲ့အတွက်လည်း အပြစ်ဒဏ်ခံခဲ့ရပေမယ့်လည်း သူ့လုပ်ရပ်အပေါ် သူတာဝန်သိစွာဝန်ခံခဲ့မှုကြောင့် အပြစ်ဒဏ်မှလွတ်ငြိမ်းခဲ့တယ်လို့ သိရပါတယ်။ အခုလိုဖြစ်ရပ်တွေပေါ်ပေါက်လာတဲ့အခါမှာတော့ ပြည်သူတွေက မင်းသားဟယ်ရီတို့ကို အတော်လေး စိတ်ပူနေကြပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T