ထိုင်းအစိုးရက ပြည်တွင်းလေကြောင်းခရီးစဥ်တွေမှာ ဆေးခြောက်သယ်ဆောင်ခွင့် ထပ်မံခွင့်ပြု

//s9.kh1.co/cc/ccfc23ce14c2a8e34bed5e6b81c45fde57ee973f.jpg
နေ့စဉ်သတင်းများ

 ၀၁-အောက်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

.

ထိုင်းနိုင်ငံ အစိုးရက ဆေးခြောက်ကို ယခုနှစ်အတွင်း မူးယစ်ဆေးဝါးစာရင်းထဲကနေ ဖယ်ရှားပေးလိုက်ပြီးနောက် ကျန်းမာရေးနယ်ပယ်နဲ့ ဆေးဝါးလိုအပ်ချက်အရ တရားဝင်သုံးခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း ဆေးခြောက်ကို အလှကုန် ကုပ္မဏီများ ၊ စားသောက်ကုန်လုပ်ငန်းများက တွင်တွင်ကျယ်ကျယ် ထည့်သွင်းအသုံးပြုလာခဲ့ပါတယ်။

Photo Credit - From Google
Photo Credit - From Google

ယခုအခါမှာတော့ ပြည်တွင်း လေကြောင်းခရီးစဉ်တွေမှာ ဆေးခြောက်ကိုသယ်ဆောင်ခွင့် ပြုလိုက်ပြန်ပြီဖြစ်ပါတယ်။ အစိုးရက ချမှတ်ထားတဲ့ စည်းမျဉ်းအရ အသက် ၂၀ ကျော်တဲ့ မည်သူမဆိုလေယာဉ်ပေါ်သို့ ဆေးခြောက်အား THC 0.2 % ထက် မပိုတဲ့ ပမာဏ အားယူဆောင်သွားခွင့်ပြုတယ်လို့ ဆိုပါတယ်။

Photo Credit - From Google
Photo Credit - From Google

ဒါ့အပြင် လေယာဉ်ပေါ် လုံခြုံရေးစစ် ဆေးမှုမှာ နှောင့်နှေးမှုမရှိစေဖို့အတွက် စစ်ဆေးထားတဲ့ အိတ် တွေ ထဲကို သေချာစွာထုပ်ပိုးသိမ်းဆည်းပြီးသယ်ဆောင်ဖို့ ထိုင်းအာဏာပိုင်တွေမှ အလေးအနက်တောင်အကြံပြုထားပါသေးတယ်။ ဒါဟာ ပြည်တွင်းလေကြောင်းလိုင်းပေါ်မှာသာ သွယ်ယူခွင့်ရတာ ဖြစ်ပြီး အခြားပြည်ပနိုင်ငံတွေကို သယ်ဆောင်မိရင်တော့ နိုင်ငံတွေက ချမှတ်ထားတဲ့ ဥပဒေအတိုင်း ပြစ်ဒဏ်စီရင်ခြင်းခံရမှာတော့ သေချာပါတယ်။

သတင်း အရင်းအမြစ်Source - ဘန်ကောက်လမ်းညွန်ကိုစိုင်း

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T