ပရာယွတ်ကို ထိုင်းအခြေခံ ဥပဒေတရားရုံးက ဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်

//s9.kh1.co/94/94e8ac6cfa3730dbacf0c9623d1420101787d7ed.jpg
နေ့စဉ်သတင်းများ

 ၃၀-စက်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ထိုင်းအခြေခံဥပဒေတရားရုံးက ပရာယွတ်ချန်အိုချာကို ထိုင်းဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်လိုက်တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ပရာယွတ်ဟာ ၎င်းရဲ့ အခန်းကဏ္ဍအတွက် သတ်မှတ်ထားတဲ့ ရှစ်နှစ်ကြာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကန့်သတ်ချက်ကို မကျော်လွန်သေးကြောင်း ယနေ့မွန်းလွဲပိုင်းမှာ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit - thethaiger
Photo Credit - thethaiger

ထိုင်းဘုရင်က စစ်တပ်ကရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်မှတ်ထားတဲ့ သက်တမ်းဟာ ၂၀၁၇ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင်မှ စတင်သက်ရောက်မှု ရှိသဖြင့် ဝန်ကြီးချုပ်ရာထူးကို ဆက်လက်ထမ်းဆောင်ခွင့်ရတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit - thethaiger
Photo Credit - thethaiger

ဗိုလ်ချုပ်ကြီး ပရာယွတ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ၂၀၁၄ ခုနှစ်မှာ ဆန့်ကျင်သည့် အာဏာသိမ်းပြီးနောက် ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြုပြင်ပြီး အရပ်သားဝန်ကြီးချုပ်အဖြစ် အုပ်ချုပ်နေသူလည်းဖြစ်ပါတယ်။ နောက်နှစ်၂၀၂၃ ခုနှစ် မေလမှာလည်း ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ရှိပြီး ဝန်ကြီးချုပ် ပရာယွတ်လည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ အရည်အချင်းပြည့်မီသေးတယ်လို့လည်း မီဒီယာတွေက ဖော်ပြထားပါတယ်။

Photo Credit - thethaiger
Photo Credit - thethaiger

သတင်း အရင်းအမြစ်Source - thethaiger

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T