တစ်ခါမှ မညှပ်ဖူးသေးတဲ့ Hair Style အသစ်လေးနဲ့ ပရိသတ်တွေရဲ့ အသည်းကို ခြွေချသွားပြန်တဲ့ Kimmy

https://s9.kh1.co/6a/6a8d65118ae48f7cc28cfbbd50f0a79077ee27d2.jpg
အနုပညာရှင်များ
 30-Sep-2022 4pm · 2 months ago

ဆံပင်ကေအသစ်လေးကိုမှ အရောင်လေးက ခဲရောင်လေးနဲ့ ချစ်ဖို့ကောင်းနေလိုက်တာ

ထိုင်းTV Ch3ရဲ့ သရုပ်ဆောင်မော်ဒယ်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Kimmy ကတော့ အောင်မြင်မှုတွေလည်း ရရှိပိုင်ဆိုင်ထားသလို ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးလည်းဖြစ်ပါတယ်။ ထိုင်းမင်းသမီးချောလေး Kim ရဲ့ နာမည်အရင်းကတော့”Kimberley Anne Tiamsiri Woltemas” ဖြစ်ပြီး ပရိသတ်တွေကတော့ Kimmy (Kim) လို့ ခေါ်ကြပါတယ်၊။

Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 

သူမကတော့ လက်ရှိမှာ ရုပ်ရှင် Drama တွေရော ကြောငြာတွေပါ ရိုက်ကူးနေတာဖြစ်ပြီး နာမည်ကြီး Brand တွေရဲ့ Ambassador အဖြစ် ခန့်အပ်ထားခံရသူလည်း ဖြစ်ပါတယ်။ ထိုင်းကပြားမလေး Kimmy က သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို IG မှာ အမြဲမျှဝေပေးလေ့ရှိပြီး ဒီတစ်ခေါက်မှာလည်း ဆံပင်စတိုင်ချိန်းထားတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ်။

Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 

Kimmy ကတော့ ဆံပင်အတိုလေးကို ခဲရောင်လေးဆိုးထားပြီး ပရိသတ်တွေရဲ့ အသည်းကို ခြွေချလိုက်တာပဲ ဖြစ်ပါတယ်။ ဆံပင်ဂုတ်ဝဲလေးနဲ့ ညိုချက်ပြင်းနေတဲ့ Kimmy ရဲ့ ပုံစံအသစ်လေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ..

Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc

Source: kimmy_kimberley's IG Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း