အသက် ၂၂ နှစ်ကြီးတဲ့ အိမ်ထောင်ရှိသူနဲ့ ကြိုက်မိလို့အနုပညာလောကကနေ အနားယူလိုက်ရတဲ့မင်းသမီး

//s9.kh1.co/8d/8d028f4781db4d8b07e3baf4e08487ad1e343874.jpg
အနုပညာရှင်များ

 ၃၀-စက်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

အသက် ၂၂ နှစ်ကြီးတဲ့အိမ်ထောင်ရှိသူနဲ့ကြိုက်မိလို့အနုပညာလောကကနေအနားယူလိုက်ရတဲ့မင်းသမီး

တောင်ကိုရီးယားမင်းသမီး Kim Min-hee ဟာဆိုရင် အသက် ၆၃ နှစ်အရွယ် လက်ထပ်ပြီးသား နာမည်ကြီးဒါရိုက်တာကို သဘောကျမိခဲ့လို့ အနုပညာ လောကကနေ ပျောက်ကွယ်သွားခဲ့ရတဲ့ သူဖြစ်ပါတယ်။Kim Min-hee က အိမ်ထောင်ရှိပြီးသားသူနဲ့ ချစ်ကြိုက်ခဲ့ပြီးနောက်မှာ အနုပညာလောကကနေ အနားယူခဲ့ရပြီး ပျောက်ကွယ်သွားခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=443,q=100/88/8835b331a94cc8442a28f841cc281ff428fea530.jpeg

Kim Min-hee က အချိန်အကြာကြီး ပျောက်ကွယ်သွားပြီးနောက်မှာ သူမကိုပထမဦးဆုံး အကြိမ် ၇၀မြောက် San Sebastián Film ပွဲတော် အခန်းအနားပွဲကို မှာမြင်တွေ့ခဲ့ရပါတယ်။ အဆိုပါ ပွဲအခန်းအနားမှာ တောင်ကိုရီးယားမင်းသမီး Kim Min-hee က အမြင်အားလုံးကို ဖမ်းစားပြီး အနက်ရောင်ဝတ်စုံနဲ့ လှပလွန်းနေတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=520,h=781,q=100/c8/c86c5fe42bca4569cf5dda903491fe09825cec77.jpeg

ပထမဦးဆုံးအကြိမ် လူမြင်ကွင်းထဲကို ပြန်ပြီး ပေါ်လာတာကြောင့် Kim Min-hee ကို စိတ်ဝင်စားမှု မြင့်တက်နေတဲ့သူတွေလည်း အများကြီးပဲ ဖြစ်ပါတယ်။ Kim Min-hee နဲ့ချစ်ကြိုက်နေတဲ့ ဒါရိုက်တာ အမျိုးသားက ဒါရိုက်တာ Hong Sang-soo ဖြစ်ပြီး မိန်းမနဲ့ကလေးလည်းရှိပါတယ်။

https://s9.kh1.co/__image/w=620,h=413,q=100/64/640977d69b4dc75b56b17af9ce2919bfabbca1bc.jpeg

သူတို့နှစ်ဦးက လက်ရှိမှာ ပွဲ အခမ်းအနားကို အတူတူ တက်ရောက်နေပြီး ဝေဖန်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးသားရဲ့ ကောလာဟလတွေက များစွာမြင့်တက်နေတဲ့ကြားကနေ အခုလိုလူမြင်ကွင်းကို ပြန်ပေါ်လာတဲ့အတွက်လည်း ပရိသတ်တွေရဲ့ စကားလုံးတွေကို တားဆီးလို့ မရခဲ့ပါဘူး။

https://s9.kh1.co/__image/w=650,h=976,q=100/15/1537b043075916457769fee033d4d3fa42c7c99b.jpeg

Kim Min-hee က ဒါရိုက်တာ Hong နဲ့ လူသိရှင်ကြားတွဲပြီးနဲ့နောက်မှာ အနုပညာလှုပ်ရှားမှုတွေ အားလုံးကို ရပ်တန့်ခဲ့ပါတယ်။ ပရိသတ်တော်တော်များများကတော့ မင်းသမီး Kim Min-hee ရဲ့ ရွေးချယ်မှုကို နောင်တရနေကြပါတယ်။ ဘာလို့ဆို သူမက အောင်မြင်မှု လမ်းကြောင်းထက်ဆီမှာ ရောက်ရှိနေတဲ့သူဖြစ်တာကြောင့် အခုလို လုပ်ရပ်အပေါ် ပိုပြီးနှမြောခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=421,q=100/4a/4a8ad611d2fdf6c857323f931cdece6a485ba521.jpeg

တောင်ကိုရီးယားမင်းသမီးကြီး Kim Min-hee က လက်ရှိမှာ အသက် ၄၀ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး သူမသဘောကျတဲ့ ဒါရိုက်တာကြီးရဲ့ အသက်ကတော့ ၆၁ နှစ်အရွယ်ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးသားက အသက် ၂၂ နှစ်တိတိ ကွာကြပါတယ်။ 

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T