ပူတာအို ရေခဲတောင်မှာ ဆေးမြစ်ရှာထွက်ရင်း မတော်တဆပြုတ်ကျသေဆုံးသူ ၇ ဦးထိရှိလာ

//s9.kh1.co/64/646432d483ece45f54219ae94dee00e4c9f7d9a5.jpeg
နေ့စဉ်သတင်းများ

 ၃၀-စက်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ပူတာအို ရေခဲတောင်မှာ ဆေးမြစ်ရှာထွက်ရင်း မတော်တဆပြုတ်ကျသေဆုံးသူ ၇ ဦးထိရှိလာ

ကချင်ပြည်နယ်ရှိ ရေခဲတောင်မှာ ယခုနှစ်အတွင်း သဘာဝဆေးမြစ်‌ဆေးဥ ရှာဖွေရင်း တောင်ကမ်းပါးကနေ မတော်တဆပြုတ်ကျမှုကြောင့် သေဆုံးသူ ၇ ဦးရှိလာပြီဖြစ်ကြောင်း သိရပါတယ်။ ပြုတ်ကျသေဆုံးသူတွေဟာ ပူတာအိုမြို့နယ်ထဲက ဆန်ဂေါင်၊ မလိခေါမ်၊ ဂျေဂျီဒီနှင့် ဂျူဗလီ စတဲ့ ကျေးရွာ‌တွေကဖြစ်ပြီး အဲ့ဒီသေဆုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

Photo Credit - CJ
Photo Credit - CJ
Photo Credit - CJ
Photo Credit - CJ

ယမန်နှစ်ကလည်း ရေခဲတောင်မှာ ဆေးမြစ်ဆေးပင် ရှာဖွေသူ အယောက် ၂၀ နီး‌ပါး‌လောက် မတော်တဆ ပြုတ်ကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဆေးဘက်ဝင် ဆေးမြစ် ၊ ဆေးပင် နှင့် ဆေးဥများ ရှာဖွေရောင်ဝယ်တဲ့ အလုပ်ဟာ ပူတာအိုခရိုင်အတွင်း တွင်တွင်ကျယ်ကျယ်လုပ်ကိုင်တဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။

Photo Credit - CJ
Photo Credit - CJ

သဘာဝဆေးဥတေွထဲမှာ ရေခဲဆောင်မှ ရရှိတဲ့ ဘေချီဥဟာ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၆၀၀၀ ကျော် အထက်မှာ ပေါက်ရောက်တာဖြစ်ပြီး အထူးသဖြင့် သွားလာရခက်ခဲပြီး အလွန်အန္တရာယ်များတဲ့ ချောက်ကမ်းပါးတွေမှာ ပေါက်လေ့ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ဘေချီဥတွေကို တရုတ်ပြည်ကလူတွေ အဓိကဝယ်ယူကြပြီး အစာအိမ်ဆေးအတွက်အဓိကသုံးကြတယ်လို့ kachinwaves ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo Credit - CJ
Photo Credit - CJ

သတင်း အရင်းအမြစ်Source: PNG & kachinwaves

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T