တိုင်ဖွန်းနိုရူကြောင့် ဗီယက်နမ်ပြည်သူတွေကို ရေကြီးမြေပြိုမှုများ အန္တရာယ်သတိပေး

//s9.kh1.co/e0/e0ae26ae7ec931311363e5283546c13dd4a3c3a2.jpg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

တိုင်ဖွန်းနိုရူကြောင့် ဗီယက်နမ်ပြည်သူတွေကို ရေကြီးမြေပြိုမှုများ အန္တရာယ်သတိပေး

ဗီယက်နမ်နိုင်ငံမှာ စက်တင်ဘာ ၂၈ ရက်က တိုင်ဖွန်းနိုရူဟာ အပူပိုင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားပေမယ့်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုအန္တရာယ်များဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံတွေကို အစိုးရ သတိပေးထုတ်ပြန်ခဲ့ပါတယ်။

Photo Credit - CNA
Photo Credit - CNA

တိုင်ဖွန်းနိုရူဟာ ဗီယက်နမ်နိုင်ငံ Quang Nam ပြည်နယ်ကို လေတိုက်နှုန်း 117 ကီလိုမီတာဖြင့် ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ မုန်တိုင်းဟာ နိုင်ငံအတွင်း အကြီးမားဆုံး ဝင်ရောက်တိုက်ခတ်နိုင်တဲ့ မုန်တိုင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြီးနောက် လူပေါင်း ၃ သိန်း ကျော် ညတွင်းချင်း လုံခြုံတဲ့ နေရာတွေမှာ ခိုလှုံခဲ့ကြတယ်လို့ သိရပါတယ်။

Photo Credit - CNA
Photo Credit - CNA

အာဏာပိုင်တွေတော့ ကယ်ဆယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဖို့အတွက် စစ်သား ၄၀,၀၀၀ နှင့် ပြည်သူ့စစ်အဖွဲ့ဝင် ၂၀၀,၀၀၀ ခန့်ကို သံချပ်ကာယာဉ်များနှင့် လှေများ တပ်ဆင်ထားကြောင်း နိုင်ငံပိုင်မီဒီယာဖော်ပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=367,q=100/c3/c30ef542de5f5db86f092cc29db859cd9ea44561.jpg

သတင်း အရင်းအမြစ်Source - CNA

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T