အသက် ၂၂ နှစ်ကြီးတဲ့အိမ်ထောင်ရှိသူနဲ့ကြိုက်မိလို့အနုပညာလောကကနေအနားယူလိုက်ရတဲ့မင်းသမီး

//s9.kh1.co/82/8293d7d9cc90d27fac966196ddffbd9d1d71f581.jpeg
အနုပညာရှင်များ

 ၂၆-စက်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

အသက် ၂၂ နှစ်ကြီးတဲ့အိမ်ထောင်ရှိသူနဲ့ကြိုက်မိလို့အနုပညာလောကကနေအနားယူလိုက်ရတဲ့မင်းသမီး

တောင်ကိုရီးယားမင်းသမီး Kim Min-hee ဟာဆိုရင် အသက် ၆၃ နှစ်အရွယ် လက်ထပ်ပြီးသား နာမည်ကြီးဒါရိုက်တာကို သဘောကျမိခဲ့လို့ အနုပညာ လောကကနေ ပျောက်ကွယ်သွားခဲ့ရတဲ့ သူဖြစ်ပါတယ်။ 

Google 
Google 
Google 
Google 
Google 
Google 

Kim Min-hee က အိမ်ထောင်ရှိပြီးသားသူနဲ့ ချစ်ကြိုက်ခဲ့ပြီးနောက်မှာ အနုပညာလောကကနေ အနားယူခဲ့ရပြီး ပျောက်ကွယ်သွားခဲ့ရပါတယ်။ Kim Min-hee က အချိန်အကြာကြီး ပျောက်ကွယ်သွားပြီးနောက်မှာ သူမကိုပထမဦးဆုံး အကြိမ် ၇၀မြောက် San Sebastián Film ပွဲတော် အခန်းအနားပွဲကို မှာမြင်တွေ့ခဲ့ရပါတယ်။ 

Google 
Google 

အဆိုပါ ပွဲအခန်းအနားမှာ တောင်ကိုရီးယားမင်းသမီး Kim Min-hee က အမြင်အားလုံးကို ဖမ်းစားပြီး အနက်ရောင်ဝတ်စုံနဲ့ လှပလွန်းနေတာ ဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ် လူမြင်ကွင်းထဲကို ပြန်ပြီး ပေါ်လာတာကြောင့် Kim Min-hee ကို စိတ်ဝင်စားမှု မြင့်တက်နေတဲ့သူတွေလည်း အများကြီးပဲ ဖြစ်ပါတယ်။ 

Google 
Google 

Kim Min-hee နဲ့ချစ်ကြိုက်နေတဲ့ ဒါရိုက်တာ အမျိုးသားက ဒါရိုက်တာ Hong Sang-soo ဖြစ်ပြီး မိန်းမနဲ့ကလေးလည်းရှိပါတယ်။ သူတို့နှစ်ဦးက လက်ရှိမှာ ပွဲ အခမ်းအနားကို အတူတူ တက်ရောက်နေပြီး ဝေဖန်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးသားရဲ့ ကောလာဟလတွေက များစွာမြင့်တက်နေတဲ့ကြားကနေ အခုလိုလူမြင်ကွင်းကို ပြန်ပေါ်လာတဲ့အတွက်လည်း ပရိသတ်တွေရဲ့ စကားလုံးတွေကို တားဆီးလို့ မရခဲ့ပါဘူး။ Kim Min-hee က ဒါရိုက်တာ Hong နဲ့ လူသိရှင်ကြားတွဲပြီးနဲ့နောက်မှာ အနုပညာလှုပ်ရှားမှုတွေ အားလုံးကို ရပ်တန့်ခဲ့ပါတယ်။ 

Google 
Google 
Google 
Google 

ပရိသတ်တော်တော်များများကတော့ မင်းသမီး Kim Min-hee ရဲ့ ရွေးချယ်မှုကို နောင်တရနေကြပါတယ်။ ဘာလို့ဆို သူမက အောင်မြင်မှု လမ်းကြောင်းထက်ဆီမှာ ရောက်ရှိနေတဲ့သူဖြစ်တာကြောင့် အခုလို လုပ်ရပ်အပေါ် ပိုပြီးနှမြောခဲ့ကြတာဖြစ်ပါတယ်။ 

Google 
Google 

တောင်ကိုရီးယားမင်းသမီးကြီး Kim Min-hee က လက်ရှိမှာ  အသက် ၄၀ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး သူမသဘောကျတဲ့ ဒါရိုက်တာကြီးရဲ့ အသက်ကတော့ ၆၁ နှစ်အရွယ်ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးသားက အသက် ၂၂ နှစ်တိတိ ကွာကြပါတယ်။

Google 
Google 
Google 
Google 
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T