ရုပ်ရှင်သက်ကြီးပူဇော်ကန်တော့ပွဲအတွက် အလှူငွေ (၁၀) သိန်းကျပ် လှူဒါန်းပေးခဲ့တဲ့ ထူးခန့်ကျော်တို့ မိသားစု

//s9.kh1.co/b5/b580954413497fc2c9291bf7c61f44bdde017fd5.jpg
အနုပညာရှင်များ

 ၂၄-စက်-၂၀၂၂ ၆pm · လွန်ခဲ့သော ၂ နှစ် က

.

သဘာဝမင်းသားကြီးလို့ တင်စားခြင်းခံရတဲ့ မင်းသားကြီး ထူးခန့်ကျော်ကတော့ အနုပညာနယ်ပယ်မှာ နေရာတစ်နေရာကို အခိုင်အမာရရှိထားတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အနုပညာအလုပ်တွေအပြင် သူတတ်မြောက်ထားတဲ့ ရိုးရာ တိုင်းရင်းဆေးပညာတွေနဲ့ (၇)ရက်သားသမီးများရဲ့ ထုံ၊ကျင်၊ ကိုက်ခဲနေတဲ့ ရောဂါဝေဒနာများကို ကုသပေးတော ဖြစ်ပါတယ်။

Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw

သူကုသပေးတဲ့ လူနာတွေကလည်း ရောဂါသိသိသာသာ ပျောက်ကင်းသက်သာသွားတာကြောင့် နေ့စဥ် လာရောက်ကုသသူတွေ များနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ရတနာသုံးပါးအား အမြဲဦးထိပ်ပန်ဆင်ကန်တော့တဲ့ ထူးခန့်ကျော်ဟာ အလှူအတန်းတွေကိုလည်း မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။ ဒီကနေ့မှာလည်း ထူးခန့်ကျော်က မွန်မြတ်တဲ့ အလှူလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။

Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw

ဒါကတော့ (၄၅) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ကန်တော့ပွဲအတွက် ပါရမီဖြည့်သောအားဖြင့်အလှူငွေ (၁၀) သိန်းကျပ်အား ရုပ်ရှင်အစည်းအရုံးသို့ မိသားစုလိုက် သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ယခုလို တစ်ထောင့်တစ်နေရာကနေ ပါရမီဖြည့်လှူဒါန်းခဲ့ရတာကိုလည်း ထူးခန့်ကျော်က ဝမ်းသာပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။ ကဲ..ပရိသတ်ကြီးရေး ရုပ်ရှင်သက်ကြီးပူဇော်ကန်တော့ပွဲအတွက် တတ်နိုင်တဲ့ ဘက်ကနေ လှူဒါန်းပေးခဲ့တဲ့ ထူးခန့်ကျော်တို့ မိသားစုလေးကို ဆုတောင်းမေတ္တာတွေ ပို့သပေးခဲ့ပါဦးနော်... ။

Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw

သတင်း အရင်းအမြစ်Source - Htoo Khant Kyaw

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T