တက္ကစီပေါ်ကနေ စွန့်ပစ်ခံခဲ့ရတဲ့ သမီးလေးကို မိခင် လက်ထဲကိုယ်တိုင်ပြန်ထည့်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/ca/ca8ed7ed72bb1b464764a2057e1b28014a6eb65b.jpeg
အနုပညာရှင်များ

 ၂၃-စက်-၂၀၂၂ ၄pm · လွန်ခဲ့သော ၃ နှစ် က

တက္ကစီပေါ်ကနေ စွန့်ပစ်ခံခဲ့ရတဲ့ သမီးလေးကို မိခင် လက်ထဲကိုယ်တိုင်ပြန်ထည့်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာဆိုရင် မကြာသေးမီက တက္ကစီပေါ်ကနေ မိခင်အရင်းကိုယ်တိုင် လမ်းမထက်မှာစွန့်ပစ်ခဲ့တဲ့ ကလေးငယ်လေးကို ခေါ်ယူမွေးစားခဲ့ပါတယ်။ အဆိုပါ ကလေးငယ်လေးကို မိခင်ဖြစ်သူက စွန့်ပစ်ခဲ့စဉ်မှာ အသိစိတ်လွတ်နေခဲ့တယ်လို့ သိရပြီး အသိစိတ်ပြန်ဝင်လာချိန်မှာ ကလေးငယ်လေးကို မင်းသမီး ခိုင်နှင်းဝေဆီကနေ ပြန်လည်တောင်းခံခဲ့ပါတယ်။

Khine Hinin Wai’s Facebook
Khine Hinin Wai’s Facebook

မိခင်ဘက်က ကလေး ငယ်လေးကို ပြန်တောင်းခဲ့ပေမယ့်လည်း မင်းသမီး ခိုင်နှင်းဝေက ပြန်မပေးခဲ့ဘဲ ကလေးမိဘတွေ အခုလိုမျိုးလုပ်ရပ်တွေ ထပ်ပြီး မလုပ်မိကြစေဖို့အတွက် တရားရုံးကနေ တဆင့် ဖြေရှင်းပေးခဲ့ပါတယ်။

Khine Hinin Wai’s Facebook
Khine Hinin Wai’s Facebook

ဒီကနေ့မှာဆိုရင်တော့ ပရဟိတမင်းသမီး ခိုင်နှင်းဝေမှ တရားရုံးကနေတဆင့် အဆိုပါ ကလေးငယ်လေးကို မိဘအရင်းတွေထံကို ပြန်လည် အပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။ 

Khine Hinin Wai’s Facebook
Khine Hinin Wai’s Facebook
Khine Hinin Wai’s Facebook
Khine Hinin Wai’s Facebook
Khine Hinin Wai’s Facebook
Khine Hinin Wai’s Facebook

ကလေးလေးကို ပြန်လည်ရရှိခဲ့လို့ ဝမ်းသာပျော်ရွှင်နေတဲ့ မိဘနဲ့ မိဘအရင်းထံကို ပြန်လည် အပ်နှံခွင့်ရလို့ ပီတိဖြစ်နေတဲ့ မင်းသမီး ခိုင်နှင်းဝေတို့ရဲ့ ပုံရိပ်ဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လူစိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။ 

Khine Hinin Wai’s Facebook
Khine Hinin Wai’s Facebook
Khine Hinin Wai’s Facebook
Khine Hinin Wai’s Facebook
Khine Hinin Wai’s Facebook
Khine Hinin Wai’s Facebook

အခုဆုံးဖြတ်ချက်က အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်တယ်လို့ လည်း လူတော်တော်များများက ပြောထားကြပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T