Blackpink အဖွဲ့ဝင် Jennie ဟာဆိုရင် ပုံမှန်တွေ့နေကြ ပုံစံမျိုးနဲ့ မဟုတ်ဘဲ တမူထူးခြားတဲ့ ဖက်ရှင်ပုံစံမျိုးနဲ့ အင်ချွန်းလေဆိပ်ကို ရောက်ရှိလာပါတယ်။

Jennie က အင်ချွန်းလေဆိပ်ကိုရောက်ရှိခဲ့စဉ်က မျက်နှာတစ်ပြင်လုံးကို ဖုံးအုပ်ထားပြီး အသားအရောင်လေး တစ်ခုကိုတောင် မမြင်တွေ့ရပါဘူး။ Jennie က အင်ချွန်းလေဆိပ်ကို BLACKPINK အဖွဲ့ရဲ့ ယူအက်စ် အချိန်စာရင်းတစ်ခုကြောင့် သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီတစ်ခေါက် Jennie ရဲ့ ဖက်ရှင်က ပုံမှန်တွေ့နေကြပုံစံမျိုးမဟုတ်ဘဲ ရိုးရိုးရှင်းရှင်း သာမန်ဝတ်စုံ ပုံစံလေးဖြစ်ပြီး မျက်နှာကိုလည်း မမြင်တွေ့ရပါဘူး။ Jennie က ဦးထုပ်လေးဆောင်းထားပြီး ၊ တီရှပ်အင်္ကျီလေးကို စကပ်အရှည်လေးနဲ့ ဝတ်ထားပါတယ်။ ဝတ်စုံလေးရဲ့ ဒီဇိုင်းက လှလှပပမျိုးဖြစ်မနေဘဲ ပေါ့ပေါ့ပါးပါးဘက်ကို ပိုပြီးရောက်နေပါတယ်။

Jennie က အင်ချွန်းလေဆိပ်ကို ပုံရိပ်က လတ်တလော မှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ အင်ချွန်းလေဆိပ်ဓာတ်ပုံက Jennie တစ်ယောက် နေများကောင်းရဲ့လား ၊ အလုပ်တွေကြောင့်များ ပင်ပန်းနေတာလား ၊ကောင်မလေး တစ်ခုခုများဖြစ်နေတာလားဆိုတဲ့ မှတ်ချက်တွေ ရရှိနေပါတယ်။

မကြာသေးမီကလည်း Jennie ကိုကောလာဟလတွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီဘက်ကနေ ကာကွယ်မပေးဘူးလို့ဆိုကာ အင်တာတိန်းမန့်ဘက်ကိုပရိသတ်တွေက တိုင်ကြားစာတွေ ပို့ထားပါတယ်။
